ချစ်ခင်လေးစားအပ်ပါသော ကျွန်ုပ်ရွာမှ fb သုံးတဲ့ ညီအစ်ကိုမောင်နှမများခင်ဗျား။
ကျွန်တော်အနူးအညွတ်တောင်းပန်ပါရစေ။မိမိဇာတိ ချက်မြုတ်ရွာ၏ဂုဏ်အသရေ ကို ငဲ့ညှာထောက်ထားသောအားဖြင့် တစ်ရွာတည်းနေ တစ်ရေတည်းသောက်(ခဲ့)သူအချင်းချင်း ချစ်ခင်ရင်းနှီးမှု/စည်းလုံးညီညွတ်မှုကို ထိခိုက်ပျက်ပျားစေသည့် post များအား လျှော့ချပါ။ဆင်ချင်ပါ။မတင်တော့ပဲ သုံးပေးပါ။
acc အားမိမိအမည်မသုံးဘဲ အခြားအမည်ဖြင့် သုံး၍ ရပ်ရွာအကျိုးပြုနေကြတယ်ထင်သော သူငယ်ချင်း/အစ်ကို/ ညီငယ်/နှမ များ ၏ စာပေအရည်အချင်းကိုတော့ အထင်ကြီး ချီးကျူးပါတယ်။ အကြံပေးချင် ကတော့ ပုဂ္ဂိုရေးမထိခိုက်ဘဲ အမောင်တို့ ၏ အရည်အချင်းနဲ့ မိမိ ကျေးရွာ၏ဂုဏ်အင်္ဂါတင်စားသည့် ကဗျာ/တေးထပ်/ (ဧကပိုဒ် အဖြည့်ခံ ပိုဒ်စုံ)ရတုလေးတွေ စပ်ပြီးတင်ရင် ဘယ်လောက် မိမိရွာ bright ဖြစ်လိုက်မလဲ။
မိမိကကော
ပညာ စိတ်သဘေားဘယ်လောက်ပြည့်လဲလို့ မေးကြည့်တာ့ ဟုတ်တယ် စိတ်သဘောထား
ပြည့်ဖို့ အများကြီးကြိုးစားရအုံးမယ်။ ပညာကလည်း သာမန် BA ပဲရှိတယ်။အခုဆို ၂ အလီ တောင် ကြောင်းကြောင်းမပြေးတော့ဘူး။
တစ်ခုတော့ သစ္စာပြုပါရစေ။ ကျွန်တော့်မှာ အဖေဝယ်ပေးတဲ့ ဖုန်းတစ်လုံးရှိတယ်။ညီ ဖောက်ပေးတဲ့ ယခုအကောင့်ရှိတယ်။ကျွန်တော့်အမည်ပါ အကောင့် မှလွဲ၍ တခြားအမည်လွဲ acc သုံးစွဲချင်းမပြုခဲ့ပါ/မပြုပါ/ပြုမည်မဟုတ်ပါ။၎င်းသစ္စာ မမှန်ပါက ကပ်ကမ္ဘာဆုံးတိုင် အပယ်မှ မကျွတ်လွတ်ပါစေသား။
ဇာတိပုည ဂုဏ်မာန မောက်နေသည့် ကျွန်ုပ်
Nay Aung Latt
Posted by အလင်းသစ် စာကြည့်တိုက် မြေနု
My Friend, Thankyou!
ReplyDelete