Saturday, September 24, 2016
" ကောင်းဖို့အတွက် ဖြစ်လာတာပါ "
ကျွန်တော် အခုတင်လိုက်တဲ့ Postသည် ကျွန်တော်ထိုင်းနိုင်ငံတွင် နေထိုင်စဉ်အတွင်း ဒုက္ခအမျိုးမျိုးကြုံတွေ့နေချိန်မှာ ဘုန်းဘုန်းလေးဦးရာဇိန္ဒ၏ ဆုံးမထားသောစကားကို ကိုးကားရေးသားထားပါသည်။ အမှားပါရင် ခွင့်လွှတ်နားလည်ပေးပါ။ ခေါင်းစဉ်က-
"ကောင်းဖို့အတွက်ဖြစ်လာတာပါ"
------------------------------------------------------
ရှင်ဘုရင်ကြီးသည် ကောင်းသည်ဖြစ်စေ၊ဆိုးသည့်အကြောင်းအရာဖြစ်စေ ဘယ်အကြောင်းအရာကိစ္စမဆို အမတ်ကြီးနဲ့တိုင်ပင်လေ့ရှိသည်။
ရှင်ဘုရင်းကြီးသည် အမတ်ကြီးအား တိုင်ပင်ဆွေးနွေးပြီးသည့်နောက်မှာ အမတ်ကြီးပြောလေ့ရှိသည့်စကားက "ကောင်းဖို့အတွက်ဖြစ်လာတာပါ" ဘုရားဟုအမြဲလျှောက်လေ၏။
တစ်နေ့ရှင်ဘုရင်နဲ့အမတ်ကြီး အမဲလိုက်ရန်တောကစားထွက်ခဲ့သည်။
တောထဲတစ်နေရာအရောက် သမင်ကိုတွေ့မြင်သောအခါ ရှင်ဘုရင်သည်မြှားနှင့်ပစ်လေသည်။
ရှင်ဘုရင်ပစ်လိုက်တဲ့မြှားကသမင်ကို မမှန်ဘဲရှင်ဘုရင်၏လက်မကိုထိမှန်ပြီး လက်မပြတ်သွားလေသည်။
ရှင်ဘုရင်က မိမိ၏လက်မပြတ်သွားကြောင်းအမတ်ကြီးကို
ပြသောအခါအမတ်ကြီးက-
"ကောင်းဖို့အတွက်ဖြစ်လာတာပါ"
ဘုရားဟု
လျှောက်တင်လေသည်။
ရှင်ဘုရင်လည်းဒေါသထွက်၍ ငါ၏လက်မပြတ်ပြီး သွေးထွက်ဒုက္ခရောက်နေတဲ့အချိန်မှာတောင်
"ကောင်းဖို့အတွက်ဖြစ်လာတာပါ" ဆိုတဲ့စကားလျှောက်နိုင်သေးတယ်ဟု ဆိုပြီး-
ရှင်ဘုရင်ကြီးကဒေါသထွက်ကာ
"အမတ်စုတ်" သွားလေရော့ဆိုပြီး ချောက်ထဲကန်ချခဲ့သည်။
အမတ်ကြီးကိုချောက်ထဲကန်ချပြီးတာနဲ့ ရှင်ဘုရင်တစ်ပါးထဲ ရှေ့ဆက်ခရီးထွက်ခဲ့ပါတယ်။
တောနက်တစ်နေရာအရောက်တွင် လူရိုင်းတွေနဲ့တွေ့လေ၏။ လူရိုင်းတွေက ရှင်ဘုရင်ကို ဖမ်းဆီးခေါ်ဆော
င်သွားခဲ့သည်။
လူရိုင်းခေါင်းဆောင်က ရှင်ဘုရင်ကြီး၏လည်းပင်ဖြတ်၍ ရစ်ပူဇော်ရန်တစ်ကိုယ်လုံးကြည့်သောအခါ ရှင်ဘုရင်မှာလက်မ,မပါအင်္ဂါမစုံသောကြောင့် ရှင်ဘုရင်ကိုပြန်လွှတ်လိုက်သည်။
(မှတ်ချက်-လူရိုင်းတို့သည်အင်္ဂါမစုံလျှင်ရစ်ပူဇော်ချင်းမလုပ်ပါ)
ရှင်ဘုရင်လည်း အမတ်ကြီးပြောသော "ကောင်းဖို့အတွက်ဖြစ်လာတာပါ"စကားကို သတိရကာအမတ်ကြီးကို ကျေးဇူးတင်ကြောင်းပြောရန်ကန်ချခဲ့သော ချောက်ထဲသို့ဆင်းပြီးရှာလေသည်။
ချောက်ထဲတွင်အမတ်ကြီးကိုတွေ့သောအခါ ၀မ်းသာအားရဖြင့်ကျေးဇူးတင်ကြောင်းပြောရင်း မှားပါတယ်လို့ဝန်ခံပြီးရှင်ဘုရင်ကြီးက သူဖြစ်ခဲ့တဲ့အဖြစ်ပျက်ကိုပြောပြ၍ကျွန်ုပ်အားခွင့်လွှတ်ပါဟုမိန့်တော်မူ၏။
အမတ်ကြီးက ရှင်ဘုရင်ကိုပြန်လျှောက်တင်လေသည်-
ရှင်ဘုရင်ကိုကျွန်တော်မျိုးကျေးဇူးတင်ပါသည်ဘုရား။
ရှင်ဘုရင်က-ငါဒေါသထွက်ပြီးချောက်ထဲကန်ချတာတောင် အမတ်ကြီးက စိတ်မဆိုးဘဲကျေးဇူးတင်ကြောင်း ပြောတာကို ငါနားမလည်ရှင်းအောင်လျှောက်တင်စမ်း…
ပြောတော့
အမတ်ကြီးက-တပည့်တော်ကိုချောက်ထဲကန်ချခဲ့တာ "ကောင်းဖို့အတွက်ဖြစ်လာတာပါ"ဘုရား။
အရှင်မင်းကြီးသာ တပည့်တော်ချောက်ထဲကန်မချခဲ့ဘူးဆိုရင် "ရှင်ဘုရင်ကအင်္ဂါမစုံလို့လူရိုင်းတွေလက်ကလွှတ်မြှောက်ပေမယ့် တပည့်တော်ကအင်္ဂါစုံသောကြောင့် လူရိုင်းတွေက လည်ပင်းဖြတ်ပြီး ရစ်ပူဇော်ခံရလို့အခုချိန်ဆိုသေနေပါပြီ" ဘုရားဟုလျှောက်တင်လေသည်။
အဲဒါကြောင့်တပြည့်တော်ကိုချောက်ထဲကန်ချတာ"ကောင်းဖို့အတွက်ဖြစ်လာတာပါ" ဘုရားဟုလျှောက်တင်လေသည်။
ထို့နောက် ရှင်ဘုရင်လည်းပြုံးတော်မူပြီး အမတ်ကြီးနဲ့အတူနန်းတော်သို့ပြန်လာခဲ့၏။
ညီအကိုမောင်နှမများနှင့်သူငယ်ချင်းတို့အားလုံးလည်းဘယ်လောက်ပင်ဒုက္ခရောက်နေပါစေ "ကောင်းဖို့အတွက်ဖြစ်လာတာပါ"ဟု စိတ်နှလုံးသွင်းပြီးဘဝလမ်းခရီးလျှောက်လှမ်းနိုင်ပါစေ။
မေတ္တာဖြင့်-
Han Zaw Tun {မြေနု}.
Posted by - Alinnthit Library Myaynu
Subscribe to:
Post Comments (Atom)
No comments:
Post a Comment