လောကမှာ
လူအများနဲ့ အလုပ်လုပ်ပြီဆိုရင်
ကိုယ်ဖြစ်ချင်တာထက်
ဖြစ်သင့်တာကို ဦးစားပေးရတယ်။
မိမိဖြစ်စေချင်တဲ့အတိုင်း ဖြစ်မလာ၍
အများကိုလည်း အပြစ်မတင်နဲ့။
မိမိကိုယ် မိမိလည်း အပြစ်မတင်နဲ့။
မိမိဖြစ်စေချင်တာကို
ဖြစ်သင့်လား မဖြစ်သင့်လား
နှစ်ဘက်မျှပြီး တွေးခေါ်စဉ်းစား။
မိမိဖြစ်ချင်တိုင်းသာ ဖြစ်ရရင်
အိုဘာမားကို ညာလက်ရုံး
ဘိလ်ဂိတ်ကို ဘယ်လက်ရုံး
ထားပြစ်ခြင်တာပေါ့။
ဒါထက်ကောင်းတာ
ဘာရှိအုံးမလဲ?
ဘုရားဟော ဂါထာတစ်ပုဒ်ရှိတယ်
"အတီတံ နာနုသောစေယျ
နုပဇ္ဇပေယျာ နာဂတံ
ပစ္စုပ္ပန္နောတိ ယာပေယျ
သန္တုဋ္ဌောတိ ပ၀ုစ္စတိ" တဲ့
အတိတ်ကိုလည်း ပြန်တွေးပြီး
စိုးရိမ်မနေနဲ့။
အနာဂါတ်ကိုလည်း ကြိုတွေးပြီး
စိုးရိမ်မနေနဲ့။
ပစ္စုပ္ပန်ဘ၀နဲ့ပဲ ရောင်းရဲနိုင်အောင်
ကြိုးစား။
အဲဒါမှ ရောင်းရဲနိုင်သူ
သန္တုဋ္ဌီ ပုဂ္ဂိုလ်ဖြစ်မယ် တဲ့။
နောက်
သန္တုဋ္ဌီပုဂ္ဂိုလ်ကို ထပ်ဖွင့်ရရင်
ဖြစ်ချင်တိုင်း မဖြစ်ရတာကြောင့်
စိုးရိမ်သောကရောက်နေသူကို မခေါ်ဘူး။
ဖြစ်ချင်တာထက် ဖြစ်သင့်တာကို
ဦးစားပေး စဉ်းစား ပြုလုပ်တက်သောသူကို
"ပညာရှိ သူတော်ကောင်း သန္တုဋ္ဌီပုဂ္ဂိုလ်" လို့
ဘုရားချီးမွမ်းခဲ့တာပါ။
ဒါကြောင့် ဖြစ်ချင်တိုင်း မဖြစ်တာကို ဘယ်သူမှအပြစ်မတင်နဲ့။
မိမိကိုယ် မိမိလည်း စီုးရိမ်သောက
ရောက်စရာ အကြောင်းမရှိ။
ဒါဖြစ်သင့်တဲ့ ကိစ္စပဲလို့
တွေးယူနိုင်သူဖြစ်အောင်ကြိုးစား။
မိမိလည်း ၂၀၁၂ ပုဂံဘုရားကို
သံဃာနှင့် လူပေါင်း
အယောက် ၃၀၀ ကျော် ၄၀၀ နီးပါးဖြင့်
ပညာရေးလေ့လာရေးအတွက်
ဘုရားဖူးဖို့ တည်းခိုဖို့ စားသောက်ဖို့ တာဝန်ယူခဲ့ဖူးတယ်။
မိမိက အခြားသူများစာရင် ပုဂံနှင်နီး၍
ပုဂံမှာ အသိမိဆွေရှိ၍ ပုဂံနှင့်ပါတ်သက်၍
သိထားသူဖြစ်တဲ့ အတွက်
တာဝန်အပ်နှင်းခံရတယ်။
အဲဒိမှာ ဘုရားဖူးလည်တော့
လမ်းကြောင်းအတွက် ရွေးချယ်တာ
မိမိဖြစ်စေချင်တာက တစ်မျိုး
အများဖြစ်ချင်တာက တစ်မျိုး
နောက် ဖြစ်သင့်တာက တစ်မျိုး။
မိမိကို တာဝန်ပေးအပ်ထားတာပဲ
မိမိဆုံးဖြတ်ချက်နဲ့ မိမိပြုလုပ်လို့ရတယ်။
ပထမရက် ဘုရားဖူးသွားစဉ်က
မိမိဖြစ်ချင်တာကို ဖွင့်ချမပြပဲ
အများဖြစ်ချင်တာကို
ဦးစားပေးလိုက်တာ
တည်းခိုတဲ့နေရာနောက်ကျပြီး
မွန်းလွှဲခါနီး ဖြစ်နေလို့
ထမင်းစားရတာတောင်
အူစိန်ဘို့စ်ထက် မြန်ခဲ့ရသေးတယ်။
နောက်နေ့ကျ
မိမိဖြစ်ချင်တာကိုလည်း မပြောတော့
အများဖြစ်ချင်တဲ့ ဆန္ဒကိုလည်း မလိုက်လျော
ဖြစ်သင့်တဲ့ အပြုအမူကို
ထပ်ပြီး စဉ်းစား ၀ိုင်းဝန်းအဖြေရှာပြီး
ဖြစ်သင့်တာကိုပဲ ဦးစားပေးခဲ့ရတယ်။
"ဒီအတွေ့အကြုံ လေးက
နောက်ပိုင်း ဘ၀တစ်လျှောက်
မိမိဖြစ်ချင်တာထက် ဖြစ်သင့်တာကို
ဦးစားပေးရမယ်ဆိုတာ သိထားခဲ့ရတယ်။"
အရှင်က၀ိန် -
အလင်းသစ် စာကြည်ါတိုက် မြေနုရွာ
ပုဂံဘုရားဖူးလေ့လာရေးခရီစဉ်က အတွေ့အကြုံလေးပါ။
"အားလုံးပဲ ဖြစ်ချင်တာထက်
ဖြစ်သင့်တာကို ဦးစားပေးနိုင်ကြပါစေ"
No comments:
Post a Comment