ကျွန်တော် ယခုတင်လိုက်သော Postသည် ထိုင်းနိုင်ငံမှာ(၃)နှစ်အကြာ "ခေါင်းဆောင်နေရာ(သို့) အာဏာတစ်ခုကို ရယူပိုင်ဆိုင်ခဲ့သောအချိန်" ဘုန်းဘုန်းလေးဦးရာဇိန္ဒ၏ဆုံးမခဲ့သောစကား ကိုးကားရေးသားထားပါသည်။
"အာဏာရှိခေါင်းဆောင်ဖြစ်ပြီး ပညာမရှိတဲ့သူကို ပညာရှိကအသိပေးဆုံးမထားတာပါ အမှားပါရင်ခွင့်လွှတ်နေလည်ပေးပါ။ခေါင်းစဉ်က-
"သုခပေး၍ပျော်ရွှင်ပါ"
-----------------------------------------
ဘုရင်နဲ့အမတ်ကြီးဟာ တစ်နေ့တော့တိုင်းခန်းလှည့်လာရင်း ချောင်းတစ်နေရာရောက်တော့ အင်္ကျီအစုတ်နဲ့ပုဆိုးအစုတ်တစ်စုံ ချောက်ကမ်းပေါ်တွင်ပုံထားတာတွေ့မိတယ်။
ဘုရင်ကစုတ်ပြတ်နေတဲ့အဝတ်ပုံကြည့်ပြီးတော့-
အမတ်ကြီးကြည့်စမ်းပါ၊ဒီအဝတ်ပုံဟာဆင်းရဲသားတစ်ယောက်၏ ဝတ်ပုံဖြစ်ရမယ်။အဝတ်တွေဒီနားထားသွားပုံအရဆိုလျှင် သူရေချိုးနေတာဖြစ်ရလိမ့်မယ်။ အမတ်ကြီးပြုံးနေ၏။
ဘုရင်ကပြောတယ်-
အမတ်ကြီး ဒီရေချိုးနေတဲ့ဆင်းရဲသားရဲ့အဝတ်တွေဖွတ်ထားပြီး ဟိုအပင်ကြီးနောက်ကနေချောင်းကြည့်နေရင်
မကောင်ဘူးလား၊သူရေချိုးပြီးတက်လာလို့ အဝတ်တွေမတွေ့ခဲ့ရင်
တော်တော်ရယ်စရာကောင်းတဲ့ရုပ်ဖြစ်မှာ။
အမတ်ကြီးက-
"အရှင်မင်းကြီး လူတစ်ယောက်၏ ၀မ်းနည်းပူဆွေးသောကရောက်နေမှုကိုကြည့်ပြီး
ပျော်ချင်တယ်ဆိုတာ သူတော်ကောင်းတွေမဟုတ်၊ တကယ်လို့အရှင်မင်းကြီးအရမ်းပျော်ချင်တယ်ဆိုရင် ဒီလိုလုပ်ပါ။
အမတ်ကြီးက ရွှေပြား(၂)ပြားကို ဘုရင်ကြီးအားထုတ်ပေးလေသည်။
ဘုရင်ကအမတ်ကြီးကိုနားမလည်သလိုကြည့်၏။
အမတ်ကြီးက-
"အရှင်မင်းကြီးဒီရွှေပြား(၂)ပြားကိုဆင်းရဲသား၏အင်္ကျီအိပ်ထဲသွားထည့်လိုက်ပါဘုရား"
ဘုရင်လည်းသွားထည့်ပြီးသည်နောက်သူတို့နှစ်ဦးအပင်ကြီးနောက်မှာပုန်းပြီးစောင့်ကြည့်နေ
ကြသည်။မကြာမီဆင်းရဲသားရေထဲကပြန်တက်လာပြီးပုဆိုးကိုရေလဲသည်။နောက်ပြီးအင်္ကျိကိုကောက်ဝတ်တော့အင်္ကျီအိပ်ထဲတွင်ရွှေ(၂)ပြားတွေ့လေ၏။သူအရမ်းပျော်ရွှင်မြူးသွားတယ်။
ဆင်းရဲသားကမြေကြီးပေါ်တွင်ဒူးထောက်ထိုင်ချပြီးလက်အုပ်ချီကာကောင်းကင်မော့၍…
"အို…!ကျွန်ုပ်အားဖေးမကူညီပေးကြသောနတ်ဒေဝါအပေါင်းတို့…
"ကျွန်ုပ်၏အိမ်တွင်နေမကောင်းဖြစ်နေသောကျွန်ုပ်၏အမေအားအသင်တို့စောင့်ရှောက်ပေး၏။စားစရာမရှိသောကြောင့်
အားအင်ပြတ်လပ်နေသောညီလေး၊ညီမလေးတို့အားအသင်တို့စောင့်ရှောက်ပေး၏။
သင်တို့အားအထူးပင်ကျေးဇူးတင်ပါတယ်
ဟု ဆိုကာ ဦးသုံးကြိမ်ချ၍ပျော်ရွှင်စွာပြန်သွားလေသည်။
ထိုအဖြစ်ကိုကြည့်ပြီးဘုရင်လည်းမျက်ရည်ကျ၏။
အမတ်ကြီးကပြုံးနေ၏။
ဘုရင်က"အမတ်ကြီးဒီနေ့မမေ့နိုင်တဲ့သင်ခန်းစာတစ်ခုကိုကျွန်ုပ်အားသင်ပေးလိုက်လေပြီဟုပြော၏။
အမတ်ကြီးက-
"အရှင်မင်းကြီးလူတွေကိုဒုက္ခပေးပြီးမှပျော်ရတာထက်သုခပေးခြင်းဟာတစ်ကယ်ပျော်ရွှင်ခြင်းအစစ်ဖြစ်လေသည်"ဟုလျှောက်တင်၏။
ညီအကိုမောင်နှမများနှင့်သူငယ်ချင်းများအားအခုတင်လိုက်သောPostလေးကတစ်ခုခုပေးလိုက်မယ်လို့မျှော်လင့်ရင်း…
မေတ္တာဖြင့်-
Han Zaw Tun(မြေနု)
Posted by - Alinnthit Library Myaynu
No comments:
Post a Comment