Monday, September 26, 2016
" ဆန်းမင်းဦး၏ ပေးစာတစ်ဆောင် "
မြေနုရွာကနေ...
တနယ်တကျေးကိုရောက်နေတဲ့
သူငယ်ချင်းမလေး...အေးမေ
ဒီနှစ်ဆိုရင်...
တို့ရွာမှာမြတ်ဆရာပူဇော်ပွဲကျင်းပဖို့စီစဉ်ထားတယ်
ရွာဘုရားပွဲရဲ့လနတ်တော် အချိန်အတွင်းမှာပေါ့
မည့်သည့်နေရာကိုရောက်နေပါစေ
ဆုတောင်းပြည့် ဘုရားပွဲကိုပြန်လည်
အရောက်ဖူးမျှော်ကြတယ်လေ။
အဲဒီရက်ကို တို့တွေစီစဉ်ထားကြပါတယ်။
မြတ်ဆရာပူဇော်ပွဲဆိုတော့လည်း
မြေနုကျေးရွာကို တာဝန်ထမ်းဆောင်ဖူးသည့်
ဆရာဆရာမများ သက်ရှိထင်ရှားရှိသူမှန်သမျှဖိတ်ကြားဖို့
စီစဉ်ထားကြတယ်...သူငယ်ချင်းရေ။
တို့အတန်းထည်းကသူငယ်ချင်းတွေနဲ့အတူ
တရပ်ရွာလုံးရဲ့ အားပေးမူ့နဲ့
ကျောင်းတော်ကြီးမှာပညာသင်ကြားခဲ့သူမှန်သမျှရဲ့
စုစည်းမူ့ပုံရိပ်ကလေးပေါ့။
အေးမေနဲ့သူငယ်ချင်းတွေကို
ရွာအဝင်တပင်ထနောင်းအောက်က ကြိုစောင့်နေပါ့မယ်။
တို့တတွေငယ်စဉ် ကကြီးအစ အ အဆုံး
AမှZအထိ ပညာသင်ကြားခွင့်ရခဲ့တဲ့
ကျောင်းတော်ကြီးမှာ ပြန်လည်ဆုံတွေ့ကြတာပေါ့။
အခုဆိုရင် တို့တတွေကို နှပ်ချီးကအစ
သေးအဆုံး ဂျီးညော်ခံခဲ့တဲ့
ဆရာမကြီးဒေါ်ခင်မျိုးဝင်ဟာ...ပီတိတွေဝေလို့ပေါ့။...
ပြန် ဖြစ်အောင်သာပြန်ခဲ့ပါနော်။
အေးမေသတိရသေးလား...
နင်ရယ်ငါရယ်သူငယ်ချင်းတွေရယ်
ငယ်စဉ်ကလေးဘဝကျောင်းနားချိန်တွေမှာ
ယူကလစ်ပင်တွေကြား၊မယ်ဇလီပင်တွေကြား
ကျောင်းနောက်ဖေးက အုပ်တိုက်ပေါ်မှာ
ဆော့ကစားခဲ့ပုံတွေ၊ဦးကြီးခြံဘက်က
ဝါးရုံပင်တွေကြား ဝါးရုံရိုးချိုးခဲ့တာတွေပြန်ပြောင်းပြောပြဖို့ရာ
မြတ်ဆရာပူဇော်ပွဲကိုပြန်လာခဲ့ပါသူငယ်ချင်း
အေးမေ....။
Your Fri! SMO.
Posted by - SMO
Alinnthit Library Myaynu Village
Subscribe to:
Post Comments (Atom)
No comments:
Post a Comment