Friday, September 30, 2016
" အသိနဲ့ သတိ အမြဲရှိပါ "
ထိုင်းနိုင်ငံမှာ နေထိုင်စဉ်အတွင်း
ဘုန်းဘုန်းဦးရာဇိန္ဒ၏
ဆုံးမခဲ့သောစကားကို
ကိုးကားရေးသားထားပါသည်။
"အသိနဲ့သတိအမြဲရှိပါ"
--------------------------------------
ရွာတစ်ရွာမှာ
အဘိုးအိုကြီးတစ်ယောက်သည်
တစ်ယောက်ထဲနေထိုင်ခဲ့တာ ရက်၊လ၊နှစ်တွေကြာလာတဲ့အခါ စိတ်ညီးညူးလာသဖြင့်၊စိတ်ပျော်ရွှင်မှု့မရှိခဲ့ပေ။
တစ်နေ့အဘိုးအိုကြီးသည်
သူ၏စိတ်ပျော်ရွှင်မှု့တွေရအောင်လို့
သူ၏သား၊ချွေးမ၊မြေးတို့ဆီအလည်သွားခဲ့တယ်။
အဘိုးအိုကြီးလည်းသူ့၏သားအိမ်ရောက်တော့
သား၊ချွေမ၊မြေးတို့ကဝမ်းသာအားရကြိုဆိုခဲ့တယ်။
နောက်ပြီးထမင်းဝိုင်းမှာ အတူတူတစ်ဝိုင်းထဲစာသောက်ကြတော့
အဘိုးအိုကြီးလည်းပျော်ရွှင်မှု့တွေရလာပါတယ်။
(၇)ရက်ကြာသော်အခါ-
အဘိုးအိုးကြီးနှင့် ထမင်းဝိုင်းအတူတူစားနေစဉ်အတွင်း
အဘိုးအိုးကြီးသည်အသက်အရွယ်ကြီးပြင်းလာသဖြင့်
သူ၏ကိုယ်၊လက်၊ခြေတို့တုန်နေသောကြောင့်
ထမင်းစားတဲ့အခါဇွန်း၊ပုဂံများတုန်တုန်ချိချိကိုင်တွယ်ရသောကြောင့် ထမင်းနဲ့ဟင်းများစားပွဲပေါ်တွင်ပြန့်ကျဲအောင်ကျတယ်။
အဘိုးအိုးကြီးကိုသူ့ချွေးမက သဘောမကျတော့ပေ။
သူ့ရဲ့ယောက်ျားပြန်လာတဲ့အခါ အဘိုးအိုးကြီးမသိအောင်
တိုးတိုးတိတ်တိတ်တိုင်ပင်ခဲ့ပါတယ်။
နောက်တစ်နေ့-
ထမင်းစားသောအခါ အဘိုးအိုးကြီးနဲ့အတူတူမစားတော့ဘဲ
အဘိုးအိုးကြီးကိုအခန်းဒေါင့်မှာ သီးသန့်ထမင်းစားခိုင်းတယ်။
ပြီးတော့အဘိုးအိုးကြီး၏လက်တွေက တုန်နေသဖြင့်ပုဂံတွေ ခဏခဏကျကွဲတာအချက်ပေါင်းမနည်းတော့ပေ။
နောက်နေ့တွင်-
သားနဲ့ချွေးမကအဘိုးအိုးကြီးကိုထမင်းကျွေးသောအခါ
"သစ်သားနဲ့ပြုလုပ်ထားတဲ့ပုဂံပြား"ဖြင့် ကြွေးလေသည်။
တစ်နေ့မှာ-
(၈)နှစ်သားအရွယ်ရှိတဲ့အဘိုးအိုး၏မြေးက
အိမ်ရှေ့မှာထမင်းမေ့၊ဟင်းမေ့,မေ့ပြီး
သဲကြီးမဲကြီးအလုပ်လုပ်နေတာတွေ့တော့
အဘိုးအိုးကြီး၏သားနှင့်ချွေးမကမေးလေသည်။
"သား-"
ဘာတွေလုပ်နေတာလဲ…?
(၈)နှစ်သားအရွယ်ကလေးက ပြန်ဖြေလိုက်တယ်။
"အဖေနဲ့အမေအသက်ကြီးလာလျှင်
သား၏ အဘလိုဘဲ သစ်သားပုဂံပြားထဲထည့်ပြီး
ကျွေးအောင်လို့ သားလုပ်နေတာပါအဖေနဲ့အမေ" လို့ပြောလိုက်တယ်။
အဲဒီအချိန်မှာပဲ-
လင်မယားနှစ်ယောက်လုံး ဘာတစ်ခွန်းမှမပြောတော့ဘဲ
မျက်ဝန်းထဲကနေမျက်ရည်တွေ ကျလာပါတော့တယ်
အဘိုးအိုးကြီးလည်း သူ၏သားနှင့်ချွေးမကိုငေးမော့ကြည့်နေမိ၏။
"(၈)နှစ်သားကလေးက
ပေးလိုက်တဲ့သင်ခန်းစာကြောင့်
အဘိုးအိုးကြီး၏သားနဲ့ချွေးမသည်
သူတို့အလှည့်မရောက်ခင်
"အသိနဲ့သတိ" ဝင်လာပါတော့တယ်။
"ကလေး,ကလေးအထင်မသေးပါနဲ့
ကလေးကောင်းမှလူကြီးကောင်းမည်။
လူကြီးကောင်းမှတိုင်းပြည်အေးချမ်းသာယာမည်"
ညီအကိုမောင်နှမများနှင့် သူငယ်ချင်းတွေလည်း
"အသိနဲ့သတိအမြဲရှိကြပါ"စေ။
မေတ္တာဖြင့်-
Han Zaw Tun.{မြေနု}•
Posted by - Alinnthit Library Myaynu
Thursday, September 29, 2016
" ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးပါ "
လောကမှာ
လူအများနဲ့ အလုပ်လုပ်ပြီဆိုရင်
ကိုယ်ဖြစ်ချင်တာထက်
ဖြစ်သင့်တာကို ဦးစားပေးရတယ်။
မိမိဖြစ်စေချင်တဲ့အတိုင်း ဖြစ်မလာ၍
အများကိုလည်း အပြစ်မတင်နဲ့။
မိမိကိုယ် မိမိလည်း အပြစ်မတင်နဲ့။
မိမိဖြစ်စေချင်တာကို
ဖြစ်သင့်လား မဖြစ်သင့်လား
နှစ်ဘက်မျှပြီး တွေးခေါ်စဉ်းစား။
မိမိဖြစ်ချင်တိုင်းသာ ဖြစ်ရရင်
အိုဘာမားကို ညာလက်ရုံး
ဘိလ်ဂိတ်ကို ဘယ်လက်ရုံး
ထားပြစ်ခြင်တာပေါ့။
ဒါထက်ကောင်းတာ
ဘာရှိအုံးမလဲ?
ဘုရားဟော ဂါထာတစ်ပုဒ်ရှိတယ်
"အတီတံ နာနုသောစေယျ
နုပဇ္ဇပေယျာ နာဂတံ
ပစ္စုပ္ပန္နောတိ ယာပေယျ
သန္တုဋ္ဌောတိ ပ၀ုစ္စတိ" တဲ့
အတိတ်ကိုလည်း ပြန်တွေးပြီး
စိုးရိမ်မနေနဲ့။
အနာဂါတ်ကိုလည်း ကြိုတွေးပြီး
စိုးရိမ်မနေနဲ့။
ပစ္စုပ္ပန်ဘ၀နဲ့ပဲ ရောင်းရဲနိုင်အောင်
ကြိုးစား။
အဲဒါမှ ရောင်းရဲနိုင်သူ
သန္တုဋ္ဌီ ပုဂ္ဂိုလ်ဖြစ်မယ် တဲ့။
နောက်
သန္တုဋ္ဌီပုဂ္ဂိုလ်ကို ထပ်ဖွင့်ရရင်
ဖြစ်ချင်တိုင်း မဖြစ်ရတာကြောင့်
စိုးရိမ်သောကရောက်နေသူကို မခေါ်ဘူး။
ဖြစ်ချင်တာထက် ဖြစ်သင့်တာကို
ဦးစားပေး စဉ်းစား ပြုလုပ်တက်သောသူကို
"ပညာရှိ သူတော်ကောင်း သန္တုဋ္ဌီပုဂ္ဂိုလ်" လို့
ဘုရားချီးမွမ်းခဲ့တာပါ။
ဒါကြောင့် ဖြစ်ချင်တိုင်း မဖြစ်တာကို ဘယ်သူမှအပြစ်မတင်နဲ့။
မိမိကိုယ် မိမိလည်း စီုးရိမ်သောက
ရောက်စရာ အကြောင်းမရှိ။
ဒါဖြစ်သင့်တဲ့ ကိစ္စပဲလို့
တွေးယူနိုင်သူဖြစ်အောင်ကြိုးစား။
မိမိလည်း ၂၀၁၂ ပုဂံဘုရားကို
သံဃာနှင့် လူပေါင်း
အယောက် ၃၀၀ ကျော် ၄၀၀ နီးပါးဖြင့်
ပညာရေးလေ့လာရေးအတွက်
ဘုရားဖူးဖို့ တည်းခိုဖို့ စားသောက်ဖို့ တာဝန်ယူခဲ့ဖူးတယ်။
မိမိက အခြားသူများစာရင် ပုဂံနှင်နီး၍
ပုဂံမှာ အသိမိဆွေရှိ၍ ပုဂံနှင့်ပါတ်သက်၍
သိထားသူဖြစ်တဲ့ အတွက်
တာဝန်အပ်နှင်းခံရတယ်။
အဲဒိမှာ ဘုရားဖူးလည်တော့
လမ်းကြောင်းအတွက် ရွေးချယ်တာ
မိမိဖြစ်စေချင်တာက တစ်မျိုး
အများဖြစ်ချင်တာက တစ်မျိုး
နောက် ဖြစ်သင့်တာက တစ်မျိုး။
မိမိကို တာဝန်ပေးအပ်ထားတာပဲ
မိမိဆုံးဖြတ်ချက်နဲ့ မိမိပြုလုပ်လို့ရတယ်။
ပထမရက် ဘုရားဖူးသွားစဉ်က
မိမိဖြစ်ချင်တာကို ဖွင့်ချမပြပဲ
အများဖြစ်ချင်တာကို
ဦးစားပေးလိုက်တာ
တည်းခိုတဲ့နေရာနောက်ကျပြီး
မွန်းလွှဲခါနီး ဖြစ်နေလို့
ထမင်းစားရတာတောင်
အူစိန်ဘို့စ်ထက် မြန်ခဲ့ရသေးတယ်။
နောက်နေ့ကျ
မိမိဖြစ်ချင်တာကိုလည်း မပြောတော့
အများဖြစ်ချင်တဲ့ ဆန္ဒကိုလည်း မလိုက်လျော
ဖြစ်သင့်တဲ့ အပြုအမူကို
ထပ်ပြီး စဉ်းစား ၀ိုင်းဝန်းအဖြေရှာပြီး
ဖြစ်သင့်တာကိုပဲ ဦးစားပေးခဲ့ရတယ်။
"ဒီအတွေ့အကြုံ လေးက
နောက်ပိုင်း ဘ၀တစ်လျှောက်
မိမိဖြစ်ချင်တာထက် ဖြစ်သင့်တာကို
ဦးစားပေးရမယ်ဆိုတာ သိထားခဲ့ရတယ်။"
အရှင်က၀ိန် -
အလင်းသစ် စာကြည်ါတိုက် မြေနုရွာ
ပုဂံဘုရားဖူးလေ့လာရေးခရီစဉ်က အတွေ့အကြုံလေးပါ။
"အားလုံးပဲ ဖြစ်ချင်တာထက်
ဖြစ်သင့်တာကို ဦးစားပေးနိုင်ကြပါစေ"
Wednesday, September 28, 2016
" အာစရိယ ပူဇော်ပွဲ မြေနု အစည်းအဝေးပွဲ မှတ်တမ်း "
၂၀၁၆ ခုနှစ် စက်တင်ဘာလ (၂၄)ရက် (၁၄:၀၀)နာရီတွင်မြေနုရွှာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်သည့် ပထမအကြိမ် အာစရိယပူဇော်ပွဲကျင်းပပြုလုပ်ရန် လုပ်ငန်းအစည်းအဝေးမှတ်တမ်း
၁။ အစည်းအဝေးတတ်ရောက်သူများ
၁။ဦးနေအောင်လတ်
၂။ဦးမိုးကျော်
၃။ဦးစိန်လင်း
၎။ ဦးဆန်းမင်းဦး
၅။ ဦးကိုကိုဦး
၆။ ဦးသောင်းမြင့်
၇။ ဦးမင်းဇော်
၈။ ဦးထွန်းထွန်း
၉။ ဦးဝါဝင်း
၁၀။ ဦးမောင်စိုး
၁၁။ ဦးဝင်းဆွေ
၁၂။ ဦးကျော်ဝင်းအောင်
၁၃။ ဦးမောင်မျိုး
၁၄။ ဦးအောင်နိုင်စိုး
၁၅။ ဦးဇင်ကို
၁၆။ ဦးကျော်ဝဏ္ဏ
၁၇။ ဒေါ်စိုးစိုး
၁၈။ ဒေါ်ညိုညိုဝင်း
၁၉။ ဒေါ်နီနီအေး
၂၀။ ဒေါ်ခိုင်
၂၁။ ဒေါ်မွန်မြတ်သူဇာအောင်
၂၂။ ဒေါ်မိုးလွန်
၂၃။ ဒေါ်ကြည်သန္တာ
၂၄။ ဒေါ်စိုးမိုးထွေ
၂၅။ ဒေါ်စိုးထွေ
၂၆။ ဒေါ်ခိုင်
၂၇။ ဒေါ်ခင်စိုး
၂၈။ ဒေါ်မြင့်မြင့်ဝင်း
၂၉။ ဒေါ်လှဝင်းကြည်
၃၀။ ဒေါ်မိုးသူဇာ
၃၁။ ဒေါ်သန်းဌေး
၃၂။ ဒေါ်နှင်းနုဝေ
၂။ အစည်းအဝေးမတတ်ရောက်သူများ
ကျန်ရှိသည့် ကျောင်းသားဟောင်းများသည် လုပ်ငန်းများမအားလပ်၍ အစည်းအဝေးကျင်းပမည်ကိုသိရှိသော်လည်းတတ်ရောက်ခြင်းမရှိပါ။
၃။ ရည်ရွယ်ချက်
မြေနုကျေးရွှာ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျင်းပ့ပြုလုပ်မည့် ပထမအကြိမ် အာစရိယပူဇော်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရန်။
၎။ ဆွေးနွေချက်
(၁) ကန်တော့ခံမည့်ဆရာကြီး/ ဆရာမကြီးများအားစီစစ်ရွေးချယ်ခြင်း ဆုံးဖြတ်ခြင်းများဆွေးနွေးပါသည်။
(၂) ကျောင်းသားဟောင်းများမှ ကန်တော့မည် ပုံစံအတွက်ဆွေးနွေးပါသည်။
(၃) အာစရိယပူဇော်ပွဲ ဖြစ်မြှောက်ရေးကော်မတီဖွဲခြင်း ဆက်ကော်မတီ ဖွဲစည်းခြင်းများအတွက်ဆွေးနွေးကြပါသည်။
(၄) အလှူခံဖြတ်ပိုင်းများ သိမ်းဆည်းရန်နှင့် ကန်တော့ပွဲကျင်းပပြုလုပ်မည့်ရက်သတ်မှတ်ရန်ဆွေးနွေးကြပါသည်။
၅။ ဆုံးဖြတ်ချက်များ
(၁) ကန်တော့ခံမည့် ဆရာကြီး / ဆရာမကြီး စီစစ်ရွေးချယ်ရာတွင် ရန်ကုန်အစည်းအဝေးက ဆရာတော် ဦးသာဓိန၏ သြဝါဒကိုခံယူ၍ ညှိနှိုင်းတိုင်ပင်ခဲ့သည့်အတိုင်း
အခြေခံပညာမူလတန်းတွင် တာဝန်ထမ်းဆောင်ခဲ့သော ဆရာကြီး / ဆရာမကြီး (၁၂)ဦးနှင့်သာ ယခုနှစ်စတင် ကန်တော့ရန်
ထိုဆရာကြီး ဆရာမကြီးများမှာ=
(၁) ဆရာကြီး ဦးခင်စိုးလတ် - မြေနု
(၂) ဒေါ်သောင်းဌေး - ဇီးဖြူပင်
(၃) ဦးခင်မောင်ဝင်း - ဆင်မကျွန်း
(၄) ဦးအေးသွင် - မြို့လှ
(၅) ဦးရဲထွဋ် - တညောင်
(၆)ဦးဇော်ဝင်း - မြို့လှ
( ၇) ဦးအောင်မောင်း - ရေပေါ်ကျွန်း
(၈) ဒေါ်ခင်မေအောင် - ဆင်ဖြူကျွန်း
(၉) ဒေါ်လှစန်း - စည်ဆွဲ
(၁၀) ဒေါ်နီနီမြင့် - တညောင်
(၁၁) ဦးတင်ဝင်း - မြေနု
(၁၂) ဒေါ်ခင်မျိုးဝင်း - မြေနု
မှတ်ချက် =
ယခုမြေနုရွာ အစည်းအဝေးတွင်
အခြေခံပညာ မူလတန်းပြ ဆရာ/ မများသာမက
တွဲဖတ် အလယ်တန်းပြဆရာ/မများပါထည့်သွင်း၍
ဆရာ/မ (၁၉) ဦးဖြင့် ကန်တော့မည်ဟု
ကနဦး ညှိနှိုင်းတိုင်ပင်ခဲ့သော်လည်း
ရန်ကုန်မှ ဆရာတော် ဦးသာဓိန ဦးက၀ိန္ဒ နှင့် အဝေးရောက်ကော်မတီ မြေနုကော်မတီများ အချင်းချင်း ညှိနိုင်းတိုင်ပင်ပြီး
ယခုနှစ်မှ စတင်မည်ဖြစ်သော
ပထမဆုံးအကြိမ်ကျင်းပသည့်
ကန်တော့ပွဲတွင်
ခွန်အား ငွေအား မမျှတမည်ကို စိုးရိမ်သည့်အတွက်
ယခင်သတ်မှတ်ထားသည့် ဆရာ/မ (၁၂) ဦးဖြင့် စတင်ကန်တော့ရန် ပြန်လည်ဆုံးဖြတ်ပါသည်။
နောင်နှစ် ဆရာကန်တော့ပွဲများတွင်
တွဲဖတ်အလယ်တန်းပြ ဆရာ/မများကို
အသက်ပြည့် လုပ်သက်များသော
ဆရာများ ဦးစားပေးပြီး
နိုင်သလောက် ထည့်သွင်းကန်တော့သွားမည် ဖြစ်ပါကြောင်း မှတ်ချက်ပြု အသိပေး အကြောင်းကြားအပ်ပါသည်။
(၂) ကန်တော့ပွဲကျင်းပရာတွင် ကန်တော့ခံယူမည့် ဆရာကြီး /ဆရာမကြီးများအနက် ကန်တော့မည့်ကျောင်းသားဟောင်းများနှင့်အသက်တူခြင်း အသက်ငယ်နေခြင်းများရှိပါလျှင်စင်မြင့်မှဆင်း၍ (ကျောင်းသားဟောင်းများဖြစ်ပါက) ကန်တော့မည့်ကျောင်းသားဟောင်းများနှင့်အတူကန်တော့ခြင်းအား ဦးစွာဆောင်ရွက်ရန်။
ထိုသို့အတူ ကန်တော့ခြင်းပြီးနောက် ၎င်းဆရာကြီး /ဆရာမကြီးများသည် စင်မြင့်ထက်တွင်ပြန်လည်နေရာယူရမည်ဖြစ်ပြီး
တဖန်ကျောင်းသားဟောင်းများအနက် ကန်တော့ခံယူမည့်ဆရာကြီး /ဆရာမကြီးများနှင့် အသက်ကြီးနေသူ အသက်တူသူများရှိပါက ကန်တော့ပွဲပြင်ပတွင် နေရာယူ၍ ကန်တော့ပွဲအားထပ်မံပြုလုပ်ရန် စသည်ဖြင့်နှစ်ကြိမ်ခွဲ ကန်တော့ရန်။
(၃) ကန်တော့ပွဲ ကျင်းပမည့်
အာစရိယပူဇော်ပွဲ ကော်မတီဖွဲ့စည်းရာတွင် အောက်ပါပုဂ္ဂိုလ်များဖြင့်
ဖွဲ့စည်းရန်
ဦးစိန်လင်း = ဥက္ကဋ္ဌ
ဦးဝါ၀င်း = ဒု - ဥက္ကဋ္ဌ
ဦးနေအောင်လတ် =အတွင်းရေးမှုး
ဦးမိုးကျော် = ဒု - အတွင်းရေးမှုး
ဦးသောင်းမြင့် = ဘဏ္ဍာရေးမှုး
ဒေါ်နီနီအေး = စာရင်းစစ်
ဦးမောင်စိုး = စာရင်းစစ်
ဦးနေအောင်လတ် = စာရင်းစစ်
ဆပ်ကော်မတီ
-----------------
------------------
(က) ဘဏ္ဍာငွေ ရှာဖွေရေး
-----------------------------
အဖွဲ့ (၁)
ဒေါ်စိုးစိုး
ဒေါ်သိန်းသိန်းအိ
ဦးကျော်ဝဏ္ဏ
ဒေါ်မွန်မြတ်သူဇာအောင်
အဖွဲ့ (၂)
ဒေါ်ခိုင်
ဒေါ်ညိုညိုဝင်း
ဒေါ်လှဝင်းကြည်
အဖွဲ့ (၃)
ဒေါ်ခင်စိုး
ဒေါ်စုစုမွန်
ဒေါ်ကြည်သန္တာ
ဒေါ်နန်းမြတ်စိုး
အဖွဲ့ (၄)
ဒေါ်နီနီအေး
ဒေါ်နှင်းနုဝေ
ဒေါ်မြင့်မြင့်ဝင်း
ဦးအောင်နိုင်စိုး
ဦးကိုကိုဦး
ဦးဇင်ကို
(ခ) ဖိတ်ကြားရေး
----------------------
ဦးထွန်းထွန်း
ဦးကျော်ဝင်းအောင်
ဦးနေအောင်လတ်
(ဂ) ကြိုဆိုပို့ဆောင်ရေး
----------------------------
ဦးမြင့်ဦး
ဦးထွန်းနိုင်စိုး
ဦးအောင်ကိုမင်း
ဦးချမ်းမြေ့အောင်
ဦးခင်မောင်ဝင်း
ဦးသိန်းကျော်ဦး
ဦးမောင်မျိုး
ဦးသောင်းချို
ဦးကိုတုတ်
(ဃ) လှူဖွယ်ပစ္စည်း ၀ယ်ယူရေး
-------------------------------------
ဒေါ်နီနီအေး
ဒေါ်ခိုင်
ဒေါ်စိုးစိုး
(င) အခမ်းအနား ပြင်ဆင်ရေး
---------------------------------
ဦးနေအောင်လတ်
ဦးထွန်းထွန်း
ဦးမိုးကျော်
ဦးမောင်ဇော်
ဒေါ်သန်းဌေး
ဦးကျော်ဝင်းအောင်
ဦးကျော်ဝဏ္ဏ
(စ) စာရင်းပြု
----------------
ဦးသောင်းမြင့်
ဦးမိုးကျော်
(ဆ) ဧည့်ခံကြွေးမွေးရေး
-----------------------------
ဦးသောင်းမြင့်
ဦးဝါ၀င်း
ဒေါ်ခင်မျိုးဝင်း
ဦးစိုးမြင့်
ဒေါ်မိုးလွင်
ဒေါ်သန်းသန်းဌေး
ဒေါ်စိုးဌေး
ဒေါ်ဝင်းဝင်းမိုး
မှတ်ချက် = မအားလတ်၍ အစည်းအဝေးမတက်ရောက်နိုင်သော
ကျောင်းသူ/သားဟောင်းများ
အဝေးရောက် ကျောင်းသူ/သားဟောင်းများ
မိမိတို့တာဝန်ယူနိုင်သည့် ဆပ်ကော်မတီအဖွဲ့ အတွင်းသို့ ပါဝင်ဆောင်ရွက်နိုင်ပါသည်။
(၄) အလှူငွေဖြတ်ပိုင်းများအား
၁၃၇၈ ခုနှစ် တန်ဆောင်မုန်းလကွယ်နေ့တွင်
သိမ်းဆည်းရန် နှင့် နတ်တော်လဆန်း (၂) ရက်နေ့တွင် အနီးကပ်စည်းဝေးပွဲကို အဝေးရောက်အဖွဲ့နှင့် ညှိနှိုင်း၍ ပြုလုပ်ရန်။
၅။ ကန်တော့ပွဲ ကျင်းပပြုလုပ်မည့်ရက်အား
ရန်ကုန်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည့်အတိုင်း ၁၃၇၈ ခုနှစ် နတ်တော်လပြည့်ကျော် (၁) ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရန်။
၆။ အစည်းအဝေးရုပ်သိမ်းခြင်း
မြေနုအစည်းအဝေးပွဲကို 24-9-2016 ရက်နေ့
ညနေ 4;30 တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
မှတ်တမ်း = ဦးနေအောင်လတ် 24-9-2016
သတင်း = အရှင်က၀ိန် - အလင်းသစ် စာကြည့်တိုက် မြေနု
၁။ အစည်းအဝေးတတ်ရောက်သူများ
၁။ဦးနေအောင်လတ်
၂။ဦးမိုးကျော်
၃။ဦးစိန်လင်း
၎။ ဦးဆန်းမင်းဦး
၅။ ဦးကိုကိုဦး
၆။ ဦးသောင်းမြင့်
၇။ ဦးမင်းဇော်
၈။ ဦးထွန်းထွန်း
၉။ ဦးဝါဝင်း
၁၀။ ဦးမောင်စိုး
၁၁။ ဦးဝင်းဆွေ
၁၂။ ဦးကျော်ဝင်းအောင်
၁၃။ ဦးမောင်မျိုး
၁၄။ ဦးအောင်နိုင်စိုး
၁၅။ ဦးဇင်ကို
၁၆။ ဦးကျော်ဝဏ္ဏ
၁၇။ ဒေါ်စိုးစိုး
၁၈။ ဒေါ်ညိုညိုဝင်း
၁၉။ ဒေါ်နီနီအေး
၂၀။ ဒေါ်ခိုင်
၂၁။ ဒေါ်မွန်မြတ်သူဇာအောင်
၂၂။ ဒေါ်မိုးလွန်
၂၃။ ဒေါ်ကြည်သန္တာ
၂၄။ ဒေါ်စိုးမိုးထွေ
၂၅။ ဒေါ်စိုးထွေ
၂၆။ ဒေါ်ခိုင်
၂၇။ ဒေါ်ခင်စိုး
၂၈။ ဒေါ်မြင့်မြင့်ဝင်း
၂၉။ ဒေါ်လှဝင်းကြည်
၃၀။ ဒေါ်မိုးသူဇာ
၃၁။ ဒေါ်သန်းဌေး
၃၂။ ဒေါ်နှင်းနုဝေ
၂။ အစည်းအဝေးမတတ်ရောက်သူများ
ကျန်ရှိသည့် ကျောင်းသားဟောင်းများသည် လုပ်ငန်းများမအားလပ်၍ အစည်းအဝေးကျင်းပမည်ကိုသိရှိသော်လည်းတတ်ရောက်ခြင်းမရှိပါ။
၃။ ရည်ရွယ်ချက်
မြေနုကျေးရွှာ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျင်းပ့ပြုလုပ်မည့် ပထမအကြိမ် အာစရိယပူဇော်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရန်။
၎။ ဆွေးနွေချက်
(၁) ကန်တော့ခံမည့်ဆရာကြီး/ ဆရာမကြီးများအားစီစစ်ရွေးချယ်ခြင်း ဆုံးဖြတ်ခြင်းများဆွေးနွေးပါသည်။
(၂) ကျောင်းသားဟောင်းများမှ ကန်တော့မည် ပုံစံအတွက်ဆွေးနွေးပါသည်။
(၃) အာစရိယပူဇော်ပွဲ ဖြစ်မြှောက်ရေးကော်မတီဖွဲခြင်း ဆက်ကော်မတီ ဖွဲစည်းခြင်းများအတွက်ဆွေးနွေးကြပါသည်။
(၄) အလှူခံဖြတ်ပိုင်းများ သိမ်းဆည်းရန်နှင့် ကန်တော့ပွဲကျင်းပပြုလုပ်မည့်ရက်သတ်မှတ်ရန်ဆွေးနွေးကြပါသည်။
၅။ ဆုံးဖြတ်ချက်များ
(၁) ကန်တော့ခံမည့် ဆရာကြီး / ဆရာမကြီး စီစစ်ရွေးချယ်ရာတွင် ရန်ကုန်အစည်းအဝေးက ဆရာတော် ဦးသာဓိန၏ သြဝါဒကိုခံယူ၍ ညှိနှိုင်းတိုင်ပင်ခဲ့သည့်အတိုင်း
အခြေခံပညာမူလတန်းတွင် တာဝန်ထမ်းဆောင်ခဲ့သော ဆရာကြီး / ဆရာမကြီး (၁၂)ဦးနှင့်သာ ယခုနှစ်စတင် ကန်တော့ရန်
ထိုဆရာကြီး ဆရာမကြီးများမှာ=
(၁) ဆရာကြီး ဦးခင်စိုးလတ် - မြေနု
(၂) ဒေါ်သောင်းဌေး - ဇီးဖြူပင်
(၃) ဦးခင်မောင်ဝင်း - ဆင်မကျွန်း
(၄) ဦးအေးသွင် - မြို့လှ
(၅) ဦးရဲထွဋ် - တညောင်
(၆)ဦးဇော်ဝင်း - မြို့လှ
( ၇) ဦးအောင်မောင်း - ရေပေါ်ကျွန်း
(၈) ဒေါ်ခင်မေအောင် - ဆင်ဖြူကျွန်း
(၉) ဒေါ်လှစန်း - စည်ဆွဲ
(၁၀) ဒေါ်နီနီမြင့် - တညောင်
(၁၁) ဦးတင်ဝင်း - မြေနု
(၁၂) ဒေါ်ခင်မျိုးဝင်း - မြေနု
မှတ်ချက် =
ယခုမြေနုရွာ အစည်းအဝေးတွင်
အခြေခံပညာ မူလတန်းပြ ဆရာ/ မများသာမက
တွဲဖတ် အလယ်တန်းပြဆရာ/မများပါထည့်သွင်း၍
ဆရာ/မ (၁၉) ဦးဖြင့် ကန်တော့မည်ဟု
ကနဦး ညှိနှိုင်းတိုင်ပင်ခဲ့သော်လည်း
ရန်ကုန်မှ ဆရာတော် ဦးသာဓိန ဦးက၀ိန္ဒ နှင့် အဝေးရောက်ကော်မတီ မြေနုကော်မတီများ အချင်းချင်း ညှိနိုင်းတိုင်ပင်ပြီး
ယခုနှစ်မှ စတင်မည်ဖြစ်သော
ပထမဆုံးအကြိမ်ကျင်းပသည့်
ကန်တော့ပွဲတွင်
ခွန်အား ငွေအား မမျှတမည်ကို စိုးရိမ်သည့်အတွက်
ယခင်သတ်မှတ်ထားသည့် ဆရာ/မ (၁၂) ဦးဖြင့် စတင်ကန်တော့ရန် ပြန်လည်ဆုံးဖြတ်ပါသည်။
နောင်နှစ် ဆရာကန်တော့ပွဲများတွင်
တွဲဖတ်အလယ်တန်းပြ ဆရာ/မများကို
အသက်ပြည့် လုပ်သက်များသော
ဆရာများ ဦးစားပေးပြီး
နိုင်သလောက် ထည့်သွင်းကန်တော့သွားမည် ဖြစ်ပါကြောင်း မှတ်ချက်ပြု အသိပေး အကြောင်းကြားအပ်ပါသည်။
(၂) ကန်တော့ပွဲကျင်းပရာတွင် ကန်တော့ခံယူမည့် ဆရာကြီး /ဆရာမကြီးများအနက် ကန်တော့မည့်ကျောင်းသားဟောင်းများနှင့်အသက်တူခြင်း အသက်ငယ်နေခြင်းများရှိပါလျှင်စင်မြင့်မှဆင်း၍ (ကျောင်းသားဟောင်းများဖြစ်ပါက) ကန်တော့မည့်ကျောင်းသားဟောင်းများနှင့်အတူကန်တော့ခြင်းအား ဦးစွာဆောင်ရွက်ရန်။
ထိုသို့အတူ ကန်တော့ခြင်းပြီးနောက် ၎င်းဆရာကြီး /ဆရာမကြီးများသည် စင်မြင့်ထက်တွင်ပြန်လည်နေရာယူရမည်ဖြစ်ပြီး
တဖန်ကျောင်းသားဟောင်းများအနက် ကန်တော့ခံယူမည့်ဆရာကြီး /ဆရာမကြီးများနှင့် အသက်ကြီးနေသူ အသက်တူသူများရှိပါက ကန်တော့ပွဲပြင်ပတွင် နေရာယူ၍ ကန်တော့ပွဲအားထပ်မံပြုလုပ်ရန် စသည်ဖြင့်နှစ်ကြိမ်ခွဲ ကန်တော့ရန်။
(၃) ကန်တော့ပွဲ ကျင်းပမည့်
အာစရိယပူဇော်ပွဲ ကော်မတီဖွဲ့စည်းရာတွင် အောက်ပါပုဂ္ဂိုလ်များဖြင့်
ဖွဲ့စည်းရန်
ဦးစိန်လင်း = ဥက္ကဋ္ဌ
ဦးဝါ၀င်း = ဒု - ဥက္ကဋ္ဌ
ဦးနေအောင်လတ် =အတွင်းရေးမှုး
ဦးမိုးကျော် = ဒု - အတွင်းရေးမှုး
ဦးသောင်းမြင့် = ဘဏ္ဍာရေးမှုး
ဒေါ်နီနီအေး = စာရင်းစစ်
ဦးမောင်စိုး = စာရင်းစစ်
ဦးနေအောင်လတ် = စာရင်းစစ်
ဆပ်ကော်မတီ
-----------------
------------------
(က) ဘဏ္ဍာငွေ ရှာဖွေရေး
-----------------------------
အဖွဲ့ (၁)
ဒေါ်စိုးစိုး
ဒေါ်သိန်းသိန်းအိ
ဦးကျော်ဝဏ္ဏ
ဒေါ်မွန်မြတ်သူဇာအောင်
အဖွဲ့ (၂)
ဒေါ်ခိုင်
ဒေါ်ညိုညိုဝင်း
ဒေါ်လှဝင်းကြည်
အဖွဲ့ (၃)
ဒေါ်ခင်စိုး
ဒေါ်စုစုမွန်
ဒေါ်ကြည်သန္တာ
ဒေါ်နန်းမြတ်စိုး
အဖွဲ့ (၄)
ဒေါ်နီနီအေး
ဒေါ်နှင်းနုဝေ
ဒေါ်မြင့်မြင့်ဝင်း
ဦးအောင်နိုင်စိုး
ဦးကိုကိုဦး
ဦးဇင်ကို
(ခ) ဖိတ်ကြားရေး
----------------------
ဦးထွန်းထွန်း
ဦးကျော်ဝင်းအောင်
ဦးနေအောင်လတ်
(ဂ) ကြိုဆိုပို့ဆောင်ရေး
----------------------------
ဦးမြင့်ဦး
ဦးထွန်းနိုင်စိုး
ဦးအောင်ကိုမင်း
ဦးချမ်းမြေ့အောင်
ဦးခင်မောင်ဝင်း
ဦးသိန်းကျော်ဦး
ဦးမောင်မျိုး
ဦးသောင်းချို
ဦးကိုတုတ်
(ဃ) လှူဖွယ်ပစ္စည်း ၀ယ်ယူရေး
-------------------------------------
ဒေါ်နီနီအေး
ဒေါ်ခိုင်
ဒေါ်စိုးစိုး
(င) အခမ်းအနား ပြင်ဆင်ရေး
---------------------------------
ဦးနေအောင်လတ်
ဦးထွန်းထွန်း
ဦးမိုးကျော်
ဦးမောင်ဇော်
ဒေါ်သန်းဌေး
ဦးကျော်ဝင်းအောင်
ဦးကျော်ဝဏ္ဏ
(စ) စာရင်းပြု
----------------
ဦးသောင်းမြင့်
ဦးမိုးကျော်
(ဆ) ဧည့်ခံကြွေးမွေးရေး
-----------------------------
ဦးသောင်းမြင့်
ဦးဝါ၀င်း
ဒေါ်ခင်မျိုးဝင်း
ဦးစိုးမြင့်
ဒေါ်မိုးလွင်
ဒေါ်သန်းသန်းဌေး
ဒေါ်စိုးဌေး
ဒေါ်ဝင်းဝင်းမိုး
မှတ်ချက် = မအားလတ်၍ အစည်းအဝေးမတက်ရောက်နိုင်သော
ကျောင်းသူ/သားဟောင်းများ
အဝေးရောက် ကျောင်းသူ/သားဟောင်းများ
မိမိတို့တာဝန်ယူနိုင်သည့် ဆပ်ကော်မတီအဖွဲ့ အတွင်းသို့ ပါဝင်ဆောင်ရွက်နိုင်ပါသည်။
(၄) အလှူငွေဖြတ်ပိုင်းများအား
၁၃၇၈ ခုနှစ် တန်ဆောင်မုန်းလကွယ်နေ့တွင်
သိမ်းဆည်းရန် နှင့် နတ်တော်လဆန်း (၂) ရက်နေ့တွင် အနီးကပ်စည်းဝေးပွဲကို အဝေးရောက်အဖွဲ့နှင့် ညှိနှိုင်း၍ ပြုလုပ်ရန်။
၅။ ကန်တော့ပွဲ ကျင်းပပြုလုပ်မည့်ရက်အား
ရန်ကုန်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည့်အတိုင်း ၁၃၇၈ ခုနှစ် နတ်တော်လပြည့်ကျော် (၁) ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရန်။
၆။ အစည်းအဝေးရုပ်သိမ်းခြင်း
မြေနုအစည်းအဝေးပွဲကို 24-9-2016 ရက်နေ့
ညနေ 4;30 တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
မှတ်တမ်း = ဦးနေအောင်လတ် 24-9-2016
သတင်း = အရှင်က၀ိန် - အလင်းသစ် စာကြည့်တိုက် မြေနု
Monday, September 26, 2016
" ဆန်းမင်းဦး၏ ပေးစာတစ်ဆောင် "
မြေနုရွာကနေ...
တနယ်တကျေးကိုရောက်နေတဲ့
သူငယ်ချင်းမလေး...အေးမေ
ဒီနှစ်ဆိုရင်...
တို့ရွာမှာမြတ်ဆရာပူဇော်ပွဲကျင်းပဖို့စီစဉ်ထားတယ်
ရွာဘုရားပွဲရဲ့လနတ်တော် အချိန်အတွင်းမှာပေါ့
မည့်သည့်နေရာကိုရောက်နေပါစေ
ဆုတောင်းပြည့် ဘုရားပွဲကိုပြန်လည်
အရောက်ဖူးမျှော်ကြတယ်လေ။
အဲဒီရက်ကို တို့တွေစီစဉ်ထားကြပါတယ်။
မြတ်ဆရာပူဇော်ပွဲဆိုတော့လည်း
မြေနုကျေးရွာကို တာဝန်ထမ်းဆောင်ဖူးသည့်
ဆရာဆရာမများ သက်ရှိထင်ရှားရှိသူမှန်သမျှဖိတ်ကြားဖို့
စီစဉ်ထားကြတယ်...သူငယ်ချင်းရေ။
တို့အတန်းထည်းကသူငယ်ချင်းတွေနဲ့အတူ
တရပ်ရွာလုံးရဲ့ အားပေးမူ့နဲ့
ကျောင်းတော်ကြီးမှာပညာသင်ကြားခဲ့သူမှန်သမျှရဲ့
စုစည်းမူ့ပုံရိပ်ကလေးပေါ့။
အေးမေနဲ့သူငယ်ချင်းတွေကို
ရွာအဝင်တပင်ထနောင်းအောက်က ကြိုစောင့်နေပါ့မယ်။
တို့တတွေငယ်စဉ် ကကြီးအစ အ အဆုံး
AမှZအထိ ပညာသင်ကြားခွင့်ရခဲ့တဲ့
ကျောင်းတော်ကြီးမှာ ပြန်လည်ဆုံတွေ့ကြတာပေါ့။
အခုဆိုရင် တို့တတွေကို နှပ်ချီးကအစ
သေးအဆုံး ဂျီးညော်ခံခဲ့တဲ့
ဆရာမကြီးဒေါ်ခင်မျိုးဝင်ဟာ...ပီတိတွေဝေလို့ပေါ့။...
ပြန် ဖြစ်အောင်သာပြန်ခဲ့ပါနော်။
အေးမေသတိရသေးလား...
နင်ရယ်ငါရယ်သူငယ်ချင်းတွေရယ်
ငယ်စဉ်ကလေးဘဝကျောင်းနားချိန်တွေမှာ
ယူကလစ်ပင်တွေကြား၊မယ်ဇလီပင်တွေကြား
ကျောင်းနောက်ဖေးက အုပ်တိုက်ပေါ်မှာ
ဆော့ကစားခဲ့ပုံတွေ၊ဦးကြီးခြံဘက်က
ဝါးရုံပင်တွေကြား ဝါးရုံရိုးချိုးခဲ့တာတွေပြန်ပြောင်းပြောပြဖို့ရာ
မြတ်ဆရာပူဇော်ပွဲကိုပြန်လာခဲ့ပါသူငယ်ချင်း
အေးမေ....။
Your Fri! SMO.
Posted by - SMO
Alinnthit Library Myaynu Village
Sunday, September 25, 2016
" ရွာလူငယ်များအတွက် ကစားကွင်း ဘယ်မှာလဲ"
မြေနုရွာမှာ ယခင်က
ကလေးတွေကစားဖို့
လူငယ်တွေကစားဖို့
ဘောလုံးကွင်းတွေရှိခဲ့ဖူးတယ်။
ကျောင်းသားများ ရွာလူငယ်များအတွက်
အတန်းကျောင်းထဲက ဘောလုံးကွင်း။
ရွာလူငယ်များအတွက်
မြောက်ကျောင်းအတွင်းရှိ ဘောလုံးကွင်း။
တစ်ရွာနှင့် တစ်ရွာချိန်းကန်၍ ရသော
ကျစ်ကန် ဘောလုံးကွင်း။
ခု ဘယ်ဘောလုံးကွင်းမှ
ကန်လို့အဆင်မပြေတော့။
အတန်းကျောင်းထဲရှိ
ဘောလုံးကွင်းကလဲ
ရွာသားများကန်ဖို့နေနေသာသာ
ကျောင်းသားတွေကန်ဖို့တောင်
ဘောလုံးကွင်းက နဲနဲကျင်းနေပြီ။
အဆိုးဆုံးက ကွင်းလယ်မှာ
ကန့်လန့်တည်ဆောက်ထားတဲ့
ကန့်လန့်စာသင်ဆောင်ဆောက်စဉ်က
နောင်အနာဂါတ်အတွက်
ကလေးကစားကွင်းကို
ထည့်မတွက်ခဲ့တာ အင်မတန် အရုပ်ဆိုးတယ်။
နောက် မြောက်ကျောင်းရှိ ဘောလုံးကွင်း။
မြေနုရွာမှာ ကျောင်းလာတက်သော
ကန်ကြီးသား(ကျောင်းသားများ)နှင့်
ချိန်းကန်ဖူးသော
နောက်
အလယ်ကျောင်း နှင့် မြောက်ကျောင်း
ကျောင်းတိုက်ဆရာတော်တွေပင်
စီစဉ်ပေးပြီး ချိန်းကန်ခဲ့ရသော
အထင်ကရဘောလုံးကွင်း။
ခု ဘော်ဒါဆောင်တွေ
ပဲချ နှမ်းချ ဖို့ တလင်းပြင်လုပ်တာနဲ့ ဘောကန်ဖို့ အခွင့်မသာတော့ဘူး။ ဘုရားကျောင်းမြေဖြစ်တဲ့အတွက်
နေစဉ်နှင့်အမျှ သွားကန်နေလျှင်လည်း အဆင်မပြေနိုင်။
နောက် တစ်ရွာနှင့်တစ်ရွာ
ချိန်းကန်လို့ကောင်းသော
ဘောလုံးကွင်းကျယ်သော
မြေပြင်ညီသော ကျစ်ကန်ကွင်းသည်လည်း
ဘောလုံးကွင်းအဖြစ် မပီပြင်တော့ပေ။
ခု ဘယ်ပုံဘယ်နည်းဖြစ်နေသည်ပင်
ဖော်မပြလိုတော့ပေ။
ရွာလူငယ်များအတွက်
ဘယ်နေရာမှာ
ဘောလုံးအားကစားကျင်းပရမည်နည်း။
ဘယ်ဘောလုံးကွင်းမှာ
ထရိန်နင်းဆင်းရမလဲ။
"ချွေးထွက်များမှ သွေးထွက်နဲ" မည့် ခေတ်မှာ
ထရိန်နင် ကောင်းကောင်းမလုပ်နိုင်ပဲ
ဘောလုံးအားကစား (အားကစားပေါင်းစုံ)
တိုးတက်ဖို့မလွယ်။
ယခင်က လူငယ်များအတွက်
ဘောလုံးကွင်းလုပ်ပေးမည် ဟု အသံများကြားခဲ့ရဖူးသော်လည်း
ယခု ထိုအသံများ
ဘယ်ဆီရောက်သွားသည် မသိ။
မည်သူက ဦးဆောင်ပြီး
လုပ်ပေးနိုင်မလဲ ဟု
တစ်နှစ်ထက်တစ်နှစ်
တစ်ယောက်ပြီးတစ်ယောက်
ခေတ်ကာလတွေ ပြောင်းလဲလာသော်လည်း
မည်သူမှ အလေးမထား။
ယခုတော့ မြေနုလူငယ်အသင်း
ချေစွမ်းကောင်းသော်လည်း
ထရိန်နင်နဲပါးခြင်း
အိမ်ကွင်းကောင်းကောင်းမရှိခြင်းကြောင့်
အရှုံးတစ်ခုကို ရင်မှာပိုက်ပြန်ခဲ့ရလေသည်။
ကိုယ်ပိုင်ဘောလုံးကွင်းမရှိသော
မြေနုလူငယ်များက အခက်ခဲကြားက
စည်းလုံးခြင်းသည် အင်အား ဟုခံယူလျှက်
ရပ်ရွာဂုဏ်ကို မြင့်တင်ပေးခဲ့လေသည်။
မြေနုလူငယ်များ တာဝန်ကျေခဲ့လေသည်။
လူငယ်များအတွက် တာဝန်ရှိနေသော
ရွာရှိလူကြီးများကရော မည်သို့မည်ပုံဖြင့်
ကစားကွင်းကို တာဝန်ယူပေးမည်နည်း?
သေချာတာ တစ်ခုကတော့
ရွာလူငယ်များအတွက် ဘောလုံးကွင်းကောင်းကောင်းတစ်ကွင်း
ရှိသင့်သည် ဟု ထင်မြင်ယူဆမိပါသည်။
Photo ~ Sam Min Oo
Posted by - Ashin Kaweinda
Alinnthit Library Myaynu Village
Saturday, September 24, 2016
" ကောင်းဖို့အတွက် ဖြစ်လာတာပါ "
ကျွန်တော် အခုတင်လိုက်တဲ့ Postသည် ကျွန်တော်ထိုင်းနိုင်ငံတွင် နေထိုင်စဉ်အတွင်း ဒုက္ခအမျိုးမျိုးကြုံတွေ့နေချိန်မှာ ဘုန်းဘုန်းလေးဦးရာဇိန္ဒ၏ ဆုံးမထားသောစကားကို ကိုးကားရေးသားထားပါသည်။ အမှားပါရင် ခွင့်လွှတ်နားလည်ပေးပါ။ ခေါင်းစဉ်က-
"ကောင်းဖို့အတွက်ဖြစ်လာတာပါ"
------------------------------------------------------
ရှင်ဘုရင်ကြီးသည် ကောင်းသည်ဖြစ်စေ၊ဆိုးသည့်အကြောင်းအရာဖြစ်စေ ဘယ်အကြောင်းအရာကိစ္စမဆို အမတ်ကြီးနဲ့တိုင်ပင်လေ့ရှိသည်။
ရှင်ဘုရင်းကြီးသည် အမတ်ကြီးအား တိုင်ပင်ဆွေးနွေးပြီးသည့်နောက်မှာ အမတ်ကြီးပြောလေ့ရှိသည့်စကားက "ကောင်းဖို့အတွက်ဖြစ်လာတာပါ" ဘုရားဟုအမြဲလျှောက်လေ၏။
တစ်နေ့ရှင်ဘုရင်နဲ့အမတ်ကြီး အမဲလိုက်ရန်တောကစားထွက်ခဲ့သည်။
တောထဲတစ်နေရာအရောက် သမင်ကိုတွေ့မြင်သောအခါ ရှင်ဘုရင်သည်မြှားနှင့်ပစ်လေသည်။
ရှင်ဘုရင်ပစ်လိုက်တဲ့မြှားကသမင်ကို မမှန်ဘဲရှင်ဘုရင်၏လက်မကိုထိမှန်ပြီး လက်မပြတ်သွားလေသည်။
ရှင်ဘုရင်က မိမိ၏လက်မပြတ်သွားကြောင်းအမတ်ကြီးကို
ပြသောအခါအမတ်ကြီးက-
"ကောင်းဖို့အတွက်ဖြစ်လာတာပါ"
ဘုရားဟု
လျှောက်တင်လေသည်။
ရှင်ဘုရင်လည်းဒေါသထွက်၍ ငါ၏လက်မပြတ်ပြီး သွေးထွက်ဒုက္ခရောက်နေတဲ့အချိန်မှာတောင်
"ကောင်းဖို့အတွက်ဖြစ်လာတာပါ" ဆိုတဲ့စကားလျှောက်နိုင်သေးတယ်ဟု ဆိုပြီး-
ရှင်ဘုရင်ကြီးကဒေါသထွက်ကာ
"အမတ်စုတ်" သွားလေရော့ဆိုပြီး ချောက်ထဲကန်ချခဲ့သည်။
အမတ်ကြီးကိုချောက်ထဲကန်ချပြီးတာနဲ့ ရှင်ဘုရင်တစ်ပါးထဲ ရှေ့ဆက်ခရီးထွက်ခဲ့ပါတယ်။
တောနက်တစ်နေရာအရောက်တွင် လူရိုင်းတွေနဲ့တွေ့လေ၏။ လူရိုင်းတွေက ရှင်ဘုရင်ကို ဖမ်းဆီးခေါ်ဆော
င်သွားခဲ့သည်။
လူရိုင်းခေါင်းဆောင်က ရှင်ဘုရင်ကြီး၏လည်းပင်ဖြတ်၍ ရစ်ပူဇော်ရန်တစ်ကိုယ်လုံးကြည့်သောအခါ ရှင်ဘုရင်မှာလက်မ,မပါအင်္ဂါမစုံသောကြောင့် ရှင်ဘုရင်ကိုပြန်လွှတ်လိုက်သည်။
(မှတ်ချက်-လူရိုင်းတို့သည်အင်္ဂါမစုံလျှင်ရစ်ပူဇော်ချင်းမလုပ်ပါ)
ရှင်ဘုရင်လည်း အမတ်ကြီးပြောသော "ကောင်းဖို့အတွက်ဖြစ်လာတာပါ"စကားကို သတိရကာအမတ်ကြီးကို ကျေးဇူးတင်ကြောင်းပြောရန်ကန်ချခဲ့သော ချောက်ထဲသို့ဆင်းပြီးရှာလေသည်။
ချောက်ထဲတွင်အမတ်ကြီးကိုတွေ့သောအခါ ၀မ်းသာအားရဖြင့်ကျေးဇူးတင်ကြောင်းပြောရင်း မှားပါတယ်လို့ဝန်ခံပြီးရှင်ဘုရင်ကြီးက သူဖြစ်ခဲ့တဲ့အဖြစ်ပျက်ကိုပြောပြ၍ကျွန်ုပ်အားခွင့်လွှတ်ပါဟုမိန့်တော်မူ၏။
အမတ်ကြီးက ရှင်ဘုရင်ကိုပြန်လျှောက်တင်လေသည်-
ရှင်ဘုရင်ကိုကျွန်တော်မျိုးကျေးဇူးတင်ပါသည်ဘုရား။
ရှင်ဘုရင်က-ငါဒေါသထွက်ပြီးချောက်ထဲကန်ချတာတောင် အမတ်ကြီးက စိတ်မဆိုးဘဲကျေးဇူးတင်ကြောင်း ပြောတာကို ငါနားမလည်ရှင်းအောင်လျှောက်တင်စမ်း…
ပြောတော့
အမတ်ကြီးက-တပည့်တော်ကိုချောက်ထဲကန်ချခဲ့တာ "ကောင်းဖို့အတွက်ဖြစ်လာတာပါ"ဘုရား။
အရှင်မင်းကြီးသာ တပည့်တော်ချောက်ထဲကန်မချခဲ့ဘူးဆိုရင် "ရှင်ဘုရင်ကအင်္ဂါမစုံလို့လူရိုင်းတွေလက်ကလွှတ်မြှောက်ပေမယ့် တပည့်တော်ကအင်္ဂါစုံသောကြောင့် လူရိုင်းတွေက လည်ပင်းဖြတ်ပြီး ရစ်ပူဇော်ခံရလို့အခုချိန်ဆိုသေနေပါပြီ" ဘုရားဟုလျှောက်တင်လေသည်။
အဲဒါကြောင့်တပြည့်တော်ကိုချောက်ထဲကန်ချတာ"ကောင်းဖို့အတွက်ဖြစ်လာတာပါ" ဘုရားဟုလျှောက်တင်လေသည်။
ထို့နောက် ရှင်ဘုရင်လည်းပြုံးတော်မူပြီး အမတ်ကြီးနဲ့အတူနန်းတော်သို့ပြန်လာခဲ့၏။
ညီအကိုမောင်နှမများနှင့်သူငယ်ချင်းတို့အားလုံးလည်းဘယ်လောက်ပင်ဒုက္ခရောက်နေပါစေ "ကောင်းဖို့အတွက်ဖြစ်လာတာပါ"ဟု စိတ်နှလုံးသွင်းပြီးဘဝလမ်းခရီးလျှောက်လှမ်းနိုင်ပါစေ။
မေတ္တာဖြင့်-
Han Zaw Tun {မြေနု}.
Posted by - Alinnthit Library Myaynu
Wednesday, September 21, 2016
" မိမိရပ်ရွာ ဂုဏ်ကို မြင့်တင်ဖို့ "
ချစ်ခင်လေးစားအပ်ပါသော ကျွန်ုပ်ရွာမှ fb သုံးတဲ့ ညီအစ်ကိုမောင်နှမများခင်ဗျား။
ကျွန်တော်အနူးအညွတ်တောင်းပန်ပါရစေ။မိမိဇာတိ ချက်မြုတ်ရွာ၏ဂုဏ်အသရေ ကို ငဲ့ညှာထောက်ထားသောအားဖြင့် တစ်ရွာတည်းနေ တစ်ရေတည်းသောက်(ခဲ့)သူအချင်းချင်း ချစ်ခင်ရင်းနှီးမှု/စည်းလုံးညီညွတ်မှုကို ထိခိုက်ပျက်ပျားစေသည့် post များအား လျှော့ချပါ။ဆင်ချင်ပါ။မတင်တော့ပဲ သုံးပေးပါ။
acc အားမိမိအမည်မသုံးဘဲ အခြားအမည်ဖြင့် သုံး၍ ရပ်ရွာအကျိုးပြုနေကြတယ်ထင်သော သူငယ်ချင်း/အစ်ကို/ ညီငယ်/နှမ များ ၏ စာပေအရည်အချင်းကိုတော့ အထင်ကြီး ချီးကျူးပါတယ်။ အကြံပေးချင် ကတော့ ပုဂ္ဂိုရေးမထိခိုက်ဘဲ အမောင်တို့ ၏ အရည်အချင်းနဲ့ မိမိ ကျေးရွာ၏ဂုဏ်အင်္ဂါတင်စားသည့် ကဗျာ/တေးထပ်/ (ဧကပိုဒ် အဖြည့်ခံ ပိုဒ်စုံ)ရတုလေးတွေ စပ်ပြီးတင်ရင် ဘယ်လောက် မိမိရွာ bright ဖြစ်လိုက်မလဲ။
မိမိကကော
ပညာ စိတ်သဘေားဘယ်လောက်ပြည့်လဲလို့ မေးကြည့်တာ့ ဟုတ်တယ် စိတ်သဘောထား
ပြည့်ဖို့ အများကြီးကြိုးစားရအုံးမယ်။ ပညာကလည်း သာမန် BA ပဲရှိတယ်။အခုဆို ၂ အလီ တောင် ကြောင်းကြောင်းမပြေးတော့ဘူး။
တစ်ခုတော့ သစ္စာပြုပါရစေ။ ကျွန်တော့်မှာ အဖေဝယ်ပေးတဲ့ ဖုန်းတစ်လုံးရှိတယ်။ညီ ဖောက်ပေးတဲ့ ယခုအကောင့်ရှိတယ်။ကျွန်တော့်အမည်ပါ အကောင့် မှလွဲ၍ တခြားအမည်လွဲ acc သုံးစွဲချင်းမပြုခဲ့ပါ/မပြုပါ/ပြုမည်မဟုတ်ပါ။၎င်းသစ္စာ မမှန်ပါက ကပ်ကမ္ဘာဆုံးတိုင် အပယ်မှ မကျွတ်လွတ်ပါစေသား။
ဇာတိပုည ဂုဏ်မာန မောက်နေသည့် ကျွန်ုပ်
Nay Aung Latt
Posted by အလင်းသစ် စာကြည့်တိုက် မြေနု
" မောဟ သုံးပါးမှ လွတ်မြောက် နိုင်ပါစေ "
ယနေ့ လူသားအားလုံးသည် မွေးဖွားလာပြီး အသိဉာဏ်လေးရလာချိန်မှစ၍ ပညာ,ဥစ္စာ,ရာထူး,အာဏာ,အောင်မြင်မှု,ကျော်ကြားမှု,ချမ်းသာမှုများကို လိုချင်နေကြပေသည်။ ထိုပညာ,ဥစ္စာ,ရာထူး,အာဏာများကို ရှာဖွေရာတွင်လည်း သူတော်ကောင်းတို့ မချီးမွမ်းသော,သူတော်ကောင်းလမ်းစဉ်မှ သွေဖယ်သော "အမှောင်မောဟ ဖုံးလွမ်းသော"ရှာဖွေနည်းများဖြင့် မရှာသင့်ပေ။
အမှောင်မောဟသည် (၃)မျိုးရှိရာ
(၁)အပရိပတ္တိမောဟ=အမှန် အမှား,အကောင်း အဆိုး လုံးဝမသိသောမောဟ
(၂)၀ိပရိပတ္တိမောဟ=အမှန်ကို အမှား,အမှားကို အမှန်,အကောင်းကို အဆိုး,အဆိုးကို အကောင်းဟု ဆန့်ကျင်လျှက်သိနေသောမောဟ
(၃)၀ိဇ္ဇာပရိပတ္တိမောဟ=အမှန် အမှား,အကောင်း အဆိုးကို ခွဲခြားသိနေသော်လည်း ငါ့အတွက် အကျိုးရှိလျှင် အမှန်, ငါ့အတွက် အကျိုးမရှိလျှင် အမှား, ငါ့အတွက် အကျိုးဖြစ်လျှင် အကောင်း, ငါ့အတွက် အကျိုးမဖြစ်လျှင် အဆိုးဟု ဆိုးရွာစွာသိနေသောမောဟ တို့ပင်ဖြစ်သည်။
ဤမောဟသုံးမျိုး ဖုံးလွှမ်းမိသော,ဤမောဟသုံးမျိုးဖြင့် ရှာဖွေမိသော ပညာ,ဥစ္စာ,ရာထူး,အာဏာတို့သည် ယခုပစ္စုပ္ပန်ဘ၀တွင်လည်း စိုးရိမ်သောက ဗျာပါဒများဖြင့် ဘ၀ဆုံးရပြီး,နောင်သံသရာတွင်လည်း သုဂတိရောက်ဖို့မလွယ် အပါယ်ငရဲသို့သာ သက်ဆင်းတက်၍ "မောဟသုံးပါးမှ လွတ်အောင်ကျိုးစားကာ မိမိ အသိအလိမ္မာ ဉာဏ်ပညာဖြင့် အမှန်အမှား အကောင်းအဆိုးများကို တွေးတောဆင်ခြင်ပြီး" သူတော်ကောင်းတရားများ လိုက်နာကျင့်သုံးသော ပညာရှိသူတော်ကောင်းများ ဖြစ်လာရန် ကျိုးစားသင့်ပါသည်။
Posted by
Alinnthit Library Myaynu Village
Monday, September 19, 2016
" သုခပေး၍ ပျော်ရွှင်ပါ "
ကျွန်တော် ယခုတင်လိုက်သော Postသည် ထိုင်းနိုင်ငံမှာ(၃)နှစ်အကြာ "ခေါင်းဆောင်နေရာ(သို့) အာဏာတစ်ခုကို ရယူပိုင်ဆိုင်ခဲ့သောအချိန်" ဘုန်းဘုန်းလေးဦးရာဇိန္ဒ၏ဆုံးမခဲ့သောစကား ကိုးကားရေးသားထားပါသည်။
"အာဏာရှိခေါင်းဆောင်ဖြစ်ပြီး ပညာမရှိတဲ့သူကို ပညာရှိကအသိပေးဆုံးမထားတာပါ အမှားပါရင်ခွင့်လွှတ်နေလည်ပေးပါ။ခေါင်းစဉ်က-
"သုခပေး၍ပျော်ရွှင်ပါ"
-----------------------------------------
ဘုရင်နဲ့အမတ်ကြီးဟာ တစ်နေ့တော့တိုင်းခန်းလှည့်လာရင်း ချောင်းတစ်နေရာရောက်တော့ အင်္ကျီအစုတ်နဲ့ပုဆိုးအစုတ်တစ်စုံ ချောက်ကမ်းပေါ်တွင်ပုံထားတာတွေ့မိတယ်။
ဘုရင်ကစုတ်ပြတ်နေတဲ့အဝတ်ပုံကြည့်ပြီးတော့-
အမတ်ကြီးကြည့်စမ်းပါ၊ဒီအဝတ်ပုံဟာဆင်းရဲသားတစ်ယောက်၏ ဝတ်ပုံဖြစ်ရမယ်။အဝတ်တွေဒီနားထားသွားပုံအရဆိုလျှင် သူရေချိုးနေတာဖြစ်ရလိမ့်မယ်။ အမတ်ကြီးပြုံးနေ၏။
ဘုရင်ကပြောတယ်-
အမတ်ကြီး ဒီရေချိုးနေတဲ့ဆင်းရဲသားရဲ့အဝတ်တွေဖွတ်ထားပြီး ဟိုအပင်ကြီးနောက်ကနေချောင်းကြည့်နေရင်
မကောင်ဘူးလား၊သူရေချိုးပြီးတက်လာလို့ အဝတ်တွေမတွေ့ခဲ့ရင်
တော်တော်ရယ်စရာကောင်းတဲ့ရုပ်ဖြစ်မှာ။
အမတ်ကြီးက-
"အရှင်မင်းကြီး လူတစ်ယောက်၏ ၀မ်းနည်းပူဆွေးသောကရောက်နေမှုကိုကြည့်ပြီး
ပျော်ချင်တယ်ဆိုတာ သူတော်ကောင်းတွေမဟုတ်၊ တကယ်လို့အရှင်မင်းကြီးအရမ်းပျော်ချင်တယ်ဆိုရင် ဒီလိုလုပ်ပါ။
အမတ်ကြီးက ရွှေပြား(၂)ပြားကို ဘုရင်ကြီးအားထုတ်ပေးလေသည်။
ဘုရင်ကအမတ်ကြီးကိုနားမလည်သလိုကြည့်၏။
အမတ်ကြီးက-
"အရှင်မင်းကြီးဒီရွှေပြား(၂)ပြားကိုဆင်းရဲသား၏အင်္ကျီအိပ်ထဲသွားထည့်လိုက်ပါဘုရား"
ဘုရင်လည်းသွားထည့်ပြီးသည်နောက်သူတို့နှစ်ဦးအပင်ကြီးနောက်မှာပုန်းပြီးစောင့်ကြည့်နေ
ကြသည်။မကြာမီဆင်းရဲသားရေထဲကပြန်တက်လာပြီးပုဆိုးကိုရေလဲသည်။နောက်ပြီးအင်္ကျိကိုကောက်ဝတ်တော့အင်္ကျီအိပ်ထဲတွင်ရွှေ(၂)ပြားတွေ့လေ၏။သူအရမ်းပျော်ရွှင်မြူးသွားတယ်။
ဆင်းရဲသားကမြေကြီးပေါ်တွင်ဒူးထောက်ထိုင်ချပြီးလက်အုပ်ချီကာကောင်းကင်မော့၍…
"အို…!ကျွန်ုပ်အားဖေးမကူညီပေးကြသောနတ်ဒေဝါအပေါင်းတို့…
"ကျွန်ုပ်၏အိမ်တွင်နေမကောင်းဖြစ်နေသောကျွန်ုပ်၏အမေအားအသင်တို့စောင့်ရှောက်ပေး၏။စားစရာမရှိသောကြောင့်
အားအင်ပြတ်လပ်နေသောညီလေး၊ညီမလေးတို့အားအသင်တို့စောင့်ရှောက်ပေး၏။
သင်တို့အားအထူးပင်ကျေးဇူးတင်ပါတယ်
ဟု ဆိုကာ ဦးသုံးကြိမ်ချ၍ပျော်ရွှင်စွာပြန်သွားလေသည်။
ထိုအဖြစ်ကိုကြည့်ပြီးဘုရင်လည်းမျက်ရည်ကျ၏။
အမတ်ကြီးကပြုံးနေ၏။
ဘုရင်က"အမတ်ကြီးဒီနေ့မမေ့နိုင်တဲ့သင်ခန်းစာတစ်ခုကိုကျွန်ုပ်အားသင်ပေးလိုက်လေပြီဟုပြော၏။
အမတ်ကြီးက-
"အရှင်မင်းကြီးလူတွေကိုဒုက္ခပေးပြီးမှပျော်ရတာထက်သုခပေးခြင်းဟာတစ်ကယ်ပျော်ရွှင်ခြင်းအစစ်ဖြစ်လေသည်"ဟုလျှောက်တင်၏။
ညီအကိုမောင်နှမများနှင့်သူငယ်ချင်းများအားအခုတင်လိုက်သောPostလေးကတစ်ခုခုပေးလိုက်မယ်လို့မျှော်လင့်ရင်း…
မေတ္တာဖြင့်-
Han Zaw Tun(မြေနု)
Posted by - Alinnthit Library Myaynu
Sunday, September 18, 2016
" မေးခွန်း သုံးခုနှင့် အဖြေ သုံးခု "
Fb Messager ကနေ
မေး ခွန်း သုံးခု မေးတဲ့
အမောင်ကျောင်းသားတစ်ယောက်နဲ့
မိမိ ဖြေဆိုပေးခဲ့သော အဖြေသုံးခုပါ။ ။
--------------------------------------------
" မေးခွန်း သုံးခု "
*********************
နံပါတ် (၁)
ဘုန်းကြီးကို လှူထားတဲ့ ပစ္စည်း
အလှူရှင်တွေက ပြန်အသုံးပြုကောင်းသလားဘုရား
ကျောင်းတို့ မြေတို့ပေါ့ဘုရား။
နံပါတ် (၂)
ဘုန်းကြီးကျောင်းဝိုင်းထဲ
ဆေးခန်းဆောက်လို့ ရသလား ဘုရား
ဘုရားဝိုင်း ဘုန်းကြီးကျောင်းဝိုင်းစတဲ့
မြေနေရာတွေမှာပေါ့ဘုရား။
နံပါတ် (၃)
ရေတွင်း ရေကန်ပေါ်ရော
ဆေးခန်းတည်ဆောက်လို့
ရပါသလားဘုရား။
သိချင်လွန်းလို့ ပြန်ဖြေပေးပါဘုရား။
----------------------------------------
အေး ကွ
မင်းမေးခွန်းတွေကို ကြည့်ရတာ မြေနုသားတစ်ယောက်ဖြစ်မယ်လို့
ဦးဇင်းထင်မိတယ်။
ပြန်တော့ဖြေပေးမယ်
အတွေ့အကြုံ စာပေဗဟုသုတနဲ့ပဲ
မင်းမေးခွန်းတွေကိုပြန်ဖြေပါရစေ။
စာပေအထောက်အထားတော့
ငါရှာမပေးလိုက်တော့ဘူး။
ငါ စာကျက်ချိန် လျှော့မှာစိုးလို့ပါ။
ပြီးတော့ ငါတွေ့ကြုံဖူးတဲ့ အတွေ့အကြုံ
ဖတ်ရှုဖူးတဲ့ စာပေဗဟုသုတနဲ့ ဖြေမှာဆိုတော့
"အတ္တနော မတိ" လို့တော့မှတ်သားထားပါ။
-----------------------------------------------------
" အဖြေ သုံးခု "
********************
နံပါတ်(၁) မေးခွန်းက
ရဟန်းသံဃာကို
ပစ္စည်းလေးပါးနဲ့
(ဆွမ်း သင်္ကန်း ကျောင်း ဆေး နဲ့)
ကျောင်းဝိုင်းမြေအပါအ၀င်
ဘာပစ္စည်းမဆိုပေါ့
လှူထားပြီးခဲ့သော်လည်း
ရဟန်းသံဃာက
အသုံးမပြုလိုတော့သည်ဖြစ်စေ
ဒကာများလှူထားသော ရဟန်းမရှိတော့သည်ဖြစ်စေ
ဒကာများပြန် အသုံးပြုကောင်းပါတယ်။
ဒါပေမယ့်
အလှူခံထားတဲ့ ရဟန်းက
တစ်ဦးတစ်ယောက်ကို ပြန်လှူထားရင်
or
ကျောင်းဝိုင်းစသည်ကို
တစ်ဦးတစ်ယောက်ကို လွှဲထားခဲ့ရင်
or
တပည့် ရဟန်း သာမဏေ
ကပ္ပိယကာရကရှိခဲ့ရင်
အလှူရှင်တွေက
ပြန်အသုံးမပြုကောင်းပါဘူး။
ပြန်အသုံးမပြုသင့်ပါဘူး။
အလှူရှင်က လှူထားခဲ့သောရဟန်းမှ
တဆင့်အလှူခံထားတဲ့ သူ
နောက် လွှဲအပ်ခံထားတဲ့သူ
နောက် အဲဒိရဟန်း၏
တပည့် ရဟန်း သာမဏေ
ကပ္ပိယကာရက ပုဂ္ဂိုလ်က
ထပ်ဆင့်အသုံးပြုပါလိမ့်မယ်။
ဒါမှမဟုတ်ပဲ
လှူထားခဲ့သည့် ရဟန်း မရှိတော့ရင်
အဲဒိရဟန်းက တစ်စုံတစ်ယောက်ကို ပြန်မလှူခဲ့ရင်
နောက် အဲဒိရဟန်း၏
တပည့် ရဟန်း သာမဏေ
ကပ္ပိယကာရက မရှိခဲ့ရင်
လှူထားသည့် အလှူရှင်က
စိတ်ကြိုက်ပြန် အသုံးပြုနိုင်တယ်လို့
စာပေမှာ ဖတ်ရှုခဲ့ဖူးတယ်။
----------------------------------------
နံပါတ် (၂) မေးခွန်းက
ဘုရားဝိုင်း ကျောင်းဝိုင်းထဲ ဆေးရုံဆေးခန်း
တည်ဆောက်ကောင်းပါသလား ဆိုတော့
တည်ဆောက် ကောင်းပါတယ်လို့ ရဲရဲကြီး
ပြန်ဖြေပေးမယ်။
ငါတို့ သီတဂူဆရာတော်ကြီး ကိုယ်တိုင်
ကျောင်းဝိုင်းထဲမှာ ဆေးရုံဆေးခန်းတွေ
ဆောက်ထားသော
မြို့တွေ ရွာတွေ ဆေးရုံတွေ ရေတွက်လို့
မကုန်နိုင်ပါဘူး။
နောက် မဇ္ဈိမဂုဏ်ရည်ဆရာတော်လည်း
ကျောင်းဝိုင်းထဲမှာ ဆေးရုံဆေးခန်း တည်ဆောက်ထားပါတယ်။
မြန်မာနိုင်ငံမှာ ဘုန်းကြီးကျောင်းဝိုင်းအတွင်း
ဆေးရုံဆေးခန်း တည်ဆောင်ထားတာတွေ
အများကြီးပါ။
သိချင်ရင် စာများများဖတ်။
ခရီးများများထွက်ပါ။
သတိထားရမှာက
ဘုရားဝိုင်း ကျောင်းဝိုင်းထဲမှာ ဆေးရုံဆေးခန်းဆောက်ရင်
ဘုရားနဲ့ ဘုန်းကြီးကို မထိခိုက်စေပဲ
တည်ဆောက်ပါက ပိုပြီးသင့်လျှော်ပါတယ်။
"ရပ်ရွာနဲ့ အများအတွက် တည်ဆောက်တာပဲ
တည်ဆောက်ကောင်းပါတယ်။
နောက်
ဘုရားရှင်လက်ထပ်
ဆရာဇီဝကလည်း ဘုရားရှင်နဲ့
ရဟန်းသံဃာတွေကို
ဘုရားရှိရာကျောင်းထဲမှာပဲ
ဆေးလာကုပေးတာပါ။
ဘုရားရှင်နဲ့ ရဟန်းသံဃာတွေက
ဆရာဇီဝကဆီ သွားမကုကြပါဘူး။
ဒါထင်ရှားတဲ့ ဥပမာတွေပါ။
----------------------------------------
နောက် နံပါတ် (၃) မေးခွန်းက
ရေတွန်း ရေကန်ပေါ် ဆေးရုံဆေးခန်း
တည်ဆောက်ကောင်းပါသလားဆိုတော့
အဖြေရခက်ပါတယ်။
ရေတွင်း ရေကန်က
အသုံးပြုသေးသလား ?
အသုံးမပြုတော့ဘူးလား ?
ဝေဖန်ကြည့်ရမယ်။
လူတွေ ကျေးငှက် တိရိစ္ဆာန်တွေက
အဲဒိရေတွင်း ရေကန်ကို အသုံးပြုသေးတယ်ဆိုရင်
ဆေးရုံဆေးခန်းအတွက်နဲ့
ရေတွင်း ရေကန်ကို မဖျက်ဆီးသင့်ပါ။
ဒီရေတွင်း ရေကန်ကို အမှီပြုနေသော
ပုဂ္ဂိုလ် သတ္တ၀ါ တိရစ္ဆာန်တွေ ရှိနေမယ်ဆိုရင်
ဆေးရုံဆေးခန်း မပြောနဲ့
ဘုရားတည် ကျောင်းဆောက်တောင်
မပြုသင့်ပါဘူး။ မလုပ်ကောင်းပါဘူး။
လူတွေ ကျေးငှက် တိရိစ္ဆာန်တွေ
ရေတွင်း ရေကန်ကို
အသုံးမပြုတော့ဘူးဆိုရင်တော့
တစ်မျိုးပေါ့။
ရေတွင်း ရေကန်ကို
အသုံးမပြုတော့ဘူးဆိုရင်
အများအတွက် အဆင်ပြေနိုင်မယ်ထင်ရင်ပေါ့လေ
ဘုရားတည် ကျောင်းဆောက်ပြီး
ဆေးရုံဆေးခန်း တည်ဆောက်လို့မက
အနှိပ်ခန်းပဲဖွင့်ဖွင့်
KTV နဲ့ MASSAGE ပဲဖွင့်ဖွင့် ရပါတယ်။
အများအတွက် မထိခိုက်စေနဲ့ပေါ့။
ဒီလောက်ဆို နားလည်လောက်ပါပြီ။
Are you Ok?
-----------------------------------------------
မှတ်ချက် =
မေးခွန်းမေးသော
အမောင်ကျောင်းသားကိုလည်း
ကျေးဇူးအထူးတင်ပါတယ်။
မိမိကတော့ ဒီအမေးအဖြေကို
Fb မှာ Post အဖြစ်တင်ပေးပါသည်။
Posted by - Ashin Kavinda
အလင်းသစ် စာကြည့်တိုက် မြေနု
Alinnthit Library Myaynu Village
Alinnthitlibrary.blogspot.com.mm
Tuesday, September 13, 2016
" မြေနုရွာ အာစရိယပူဇော်ပွဲအတွက် အလှူငွေ လှူဒါန်းထားသူများစာရင်း "
"အာစရိယပူဇော်ပွဲအတွက်"
အဝေးရောက် ဘဏ္ဍာငွေရှာဖွေရေးထံသို့
အလှူငွေ လှူဒါန်းထားသူများ စာရင်းပါ ။။
(၁) ဆရာတော် ဒေါက်တာသာဓိန ( ဗဟန်းမြို့)
တစ်သိန်းကျပ်။ (၁၀၀၀၀၀)
(၂) ဦးဝင်းဇော်အေး (တောင်ဥက္ကလာပမြို့)
ငါးသိန်းကျပ်။ (၅၀၀၀၀၀)
(၃) ဦးကျော်ခိုင် (ရန်ကုန်)
ငါးသောင်းကျပ်။ (၅၀၀၀၀)
(၄) ကိုစိုးမင်းထိုက်(ခ)လင်းလင်း (ပြည်ပ)
တစ်သိန်းကျပ်။ (၁၀၀၀၀၀)
6-8-2016 (စနေနေ့) အစည်းအဝေးတွင်လှူသည်။
Posted by-အရှင်က၀ိန္ဒ (7-8-2016)
အလင်းသစ် စာကြည့်တိုက် မြေနုရွာ
အဝေးရောက် ဘဏ္ဍာငွေရှာဖွေရေးထံသို့
အလှူငွေ လှူဒါန်းထားသူများ စာရင်းပါ ။။
(၁) ဆရာတော် ဒေါက်တာသာဓိန ( ဗဟန်းမြို့)
တစ်သိန်းကျပ်။ (၁၀၀၀၀၀)
(၂) ဦးဝင်းဇော်အေး (တောင်ဥက္ကလာပမြို့)
ငါးသိန်းကျပ်။ (၅၀၀၀၀၀)
(၃) ဦးကျော်ခိုင် (ရန်ကုန်)
ငါးသောင်းကျပ်။ (၅၀၀၀၀)
(၄) ကိုစိုးမင်းထိုက်(ခ)လင်းလင်း (ပြည်ပ)
တစ်သိန်းကျပ်။ (၁၀၀၀၀၀)
6-8-2016 (စနေနေ့) အစည်းအဝေးတွင်လှူသည်။
Posted by-အရှင်က၀ိန္ဒ (7-8-2016)
အလင်းသစ် စာကြည့်တိုက် မြေနုရွာ
" မြေနုရွာ အာစရိယပူဇော်ပွဲ အဝေးရောက် ဘဏ္ဍာငွေ ရှာဖွေထိန်းသိမ်းရေး ကော်မတီ "
မကွေးတိုင်ဒေသကြီး စလင်းမြို့နယ် မြေနုကျေးရွာ ကျေးဇူးရှင်မြတ်ဆရာဟောင်းများအား အာစရိယပူဇော် ပွဲအတွက် အဝေးရောက်ရန်ပုံငွေ ရှာဖွေထိန်းသိမ်းရေးကော်မတီ
" နာယက "
ဆရာတော် ဒေါက်တာသာဓိန
ph-09.448019444 (ရန်ကုန်)
(၁) ဦးဝင်းဇော်အေး (ဥက္ကဌ/ဘဏ္ဍာရေးမှုး)
ph-09.5049568
(၂) ဦးဇာနည်မောင်(ဒု- ဥက္ကဌ/ဒု-ဘဏ္ဍာရေးမှုး)
ph-09.401667954
(၃) အရှင်ကဝိန္ဒ ပြန်ကြားရေး
ph-09.420179409
(၄) ဦးနေအောင်လတ် (အဖွဲ့ဝင်)
ph-09.401632012
(၅) ဦးမိုးကျော် (အဖွဲ့ဝင်)
ph-09785003710
(၆) ဦးကျော်ခိုင် (အဖွဲ့ဝင်)
ph-09.450015347
(၇) ဦးငြိမ်းကျော် (အဖွဲ့ဝင်)
ph-09.454472680
(၈) ဦးဝင်းဇော်မျိုး (အဖွဲ့ဝင်)
ph-09.4522918156
(၉) ဦးဇော်နိုင် (အဖွဲ့ဝင်)
ph-09.254856886
(၁၀) ဦးမောင်စိုး (အဖွဲ့ဝင်)
ph-09.252362515
(၁၁) ဦးမောင်ဇော် (အဖွဲ့ဝင်)
ph-09.794569560
(၁၂) ဦးတင်အောင် (အဖွဲ့ဝင်)
ph-09.450279771
(၁၃) ဦးလှိုင်မင်းစံ (အဖွဲ့ဝင်)
ph-09.450111516
(၁၄) ဦးသက်စိုး (အဖွဲ့ဝင်)
ph-09.421004056
(၁၅) ဦးအောင်ခိုင် (အဖွဲ့ဝင်)
ph-09.420144927
(၁၆) ဦးဇော်မိုး (အဖွဲ့ဝင်)
ph-09.425290551
(၁၇) ဒေါ်မြင့်မြင့်ဌေး (အဖွဲ့ဝင်)
ph-09.250366565
(၁၈) ဒေါ်မူမူလင်း (အဖွဲ့ဝင်)
ph-09.795391778
(၁၉) ဦးဇော်မင်းထိုက် (အဖွဲ့ဝင်)
ph-09.425315324
(၂၀) ဦးအုန်းဖေ (အဖွဲ့ဝင်)
ph-09774323102
(၂၁) ဦးသော်ဇင် (အဖွဲ့ဝင်)
ph-09.971675651
(၂၂) ဦးကျော်မျိုးလင်း (အဖွဲ့ဝင်)
ph-09.440236986
(၂၃) ဦးဆန်းမင်းဦး (အဖွဲ့ဝင်)
ph-09.793987719 (မန္တလေး)
(အထက်ပါ ၂၄-ဦးထံတွင် ရန်ကုန်,မန္တလေးစသည် နယ်ဝေးရောက် ကျောင်းသားဟောင်း/သူဟောင်းများ ရန်ပုံငွေလှူဒါန်းနိုင်ပါသည်။
ဘဏ်အကောက်၌ လွှဲပို့လှူဒါန်းလိုသူများ
ဘဏ္ဍာရေးမှုး ဘဏ်အကောက်ဖွင့်ပြီးလျှင် ဘဏ်အကောက်သို့လည်း လှူဒါန်းနိုင်ပါသည်။)
မှတ်ချက်၊
ဦးမိုးကျော်နှင့် ဦးနေအောင်လတ်တို့အား
ယခု- အဝေးရောက်ရန်ပုံငွေ ရှာဖွေထိန်းသိမ်းရေးကော်မတီကဲ့သို့
"မြေနုရွာဘဏ္ဍာငွေရှာဖွေထိန်းသိမ်းရေးကော်မတီ" တစ်ခု ဖွဲ့ပေးပါရန် အစည်းအဝေးမှ တိုက်တွန်းအပ်ပါသည်။
အရှင်က၀ိန္ဒ - ပြန့်ကြားရေး
အလင်းသစ် စာကြည့်တိုက် မြေနု
Photo ~ ကျော်မျိုးလင်း အလင်းသစ်
Posted by - အလင်းသစ် စာကြည့်တိုက် မြေနု
" နာယက "
ဆရာတော် ဒေါက်တာသာဓိန
ph-09.448019444 (ရန်ကုန်)
(၁) ဦးဝင်းဇော်အေး (ဥက္ကဌ/ဘဏ္ဍာရေးမှုး)
ph-09.5049568
(၂) ဦးဇာနည်မောင်(ဒု- ဥက္ကဌ/ဒု-ဘဏ္ဍာရေးမှုး)
ph-09.401667954
(၃) အရှင်ကဝိန္ဒ ပြန်ကြားရေး
ph-09.420179409
(၄) ဦးနေအောင်လတ် (အဖွဲ့ဝင်)
ph-09.401632012
(၅) ဦးမိုးကျော် (အဖွဲ့ဝင်)
ph-09785003710
(၆) ဦးကျော်ခိုင် (အဖွဲ့ဝင်)
ph-09.450015347
(၇) ဦးငြိမ်းကျော် (အဖွဲ့ဝင်)
ph-09.454472680
(၈) ဦးဝင်းဇော်မျိုး (အဖွဲ့ဝင်)
ph-09.4522918156
(၉) ဦးဇော်နိုင် (အဖွဲ့ဝင်)
ph-09.254856886
(၁၀) ဦးမောင်စိုး (အဖွဲ့ဝင်)
ph-09.252362515
(၁၁) ဦးမောင်ဇော် (အဖွဲ့ဝင်)
ph-09.794569560
(၁၂) ဦးတင်အောင် (အဖွဲ့ဝင်)
ph-09.450279771
(၁၃) ဦးလှိုင်မင်းစံ (အဖွဲ့ဝင်)
ph-09.450111516
(၁၄) ဦးသက်စိုး (အဖွဲ့ဝင်)
ph-09.421004056
(၁၅) ဦးအောင်ခိုင် (အဖွဲ့ဝင်)
ph-09.420144927
(၁၆) ဦးဇော်မိုး (အဖွဲ့ဝင်)
ph-09.425290551
(၁၇) ဒေါ်မြင့်မြင့်ဌေး (အဖွဲ့ဝင်)
ph-09.250366565
(၁၈) ဒေါ်မူမူလင်း (အဖွဲ့ဝင်)
ph-09.795391778
(၁၉) ဦးဇော်မင်းထိုက် (အဖွဲ့ဝင်)
ph-09.425315324
(၂၀) ဦးအုန်းဖေ (အဖွဲ့ဝင်)
ph-09774323102
(၂၁) ဦးသော်ဇင် (အဖွဲ့ဝင်)
ph-09.971675651
(၂၂) ဦးကျော်မျိုးလင်း (အဖွဲ့ဝင်)
ph-09.440236986
(၂၃) ဦးဆန်းမင်းဦး (အဖွဲ့ဝင်)
ph-09.793987719 (မန္တလေး)
(အထက်ပါ ၂၄-ဦးထံတွင် ရန်ကုန်,မန္တလေးစသည် နယ်ဝေးရောက် ကျောင်းသားဟောင်း/သူဟောင်းများ ရန်ပုံငွေလှူဒါန်းနိုင်ပါသည်။
ဘဏ်အကောက်၌ လွှဲပို့လှူဒါန်းလိုသူများ
ဘဏ္ဍာရေးမှုး ဘဏ်အကောက်ဖွင့်ပြီးလျှင် ဘဏ်အကောက်သို့လည်း လှူဒါန်းနိုင်ပါသည်။)
မှတ်ချက်၊
ဦးမိုးကျော်နှင့် ဦးနေအောင်လတ်တို့အား
ယခု- အဝေးရောက်ရန်ပုံငွေ ရှာဖွေထိန်းသိမ်းရေးကော်မတီကဲ့သို့
"မြေနုရွာဘဏ္ဍာငွေရှာဖွေထိန်းသိမ်းရေးကော်မတီ" တစ်ခု ဖွဲ့ပေးပါရန် အစည်းအဝေးမှ တိုက်တွန်းအပ်ပါသည်။
အရှင်က၀ိန္ဒ - ပြန့်ကြားရေး
အလင်းသစ် စာကြည့်တိုက် မြေနု
Photo ~ ကျော်မျိုးလင်း အလင်းသစ်
Posted by - အလင်းသစ် စာကြည့်တိုက် မြေနု
" မြေနုရွာ အာစရိယပူဇော်ပွဲ အကြိုညှိနှိုင်းပွဲ ရန်ကုန်မှတ်တမ်း "
2016ခုနှစ် သြဂုတ်လ ( 6 )ရက်နေ့ (13:00)နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား( ၂ )ရက်ကွက် မင်းကွန်းတောရကျောင်း၌ကျင်းပပြုလုပ်သည့် ပထမအကြိမ် မြေနုကျေးရွာ ကျေးဇူးရှင်မြတ်ဆရာဟောင်းများအား အာစရိယပူဇော်ပွဲ ကျင်းပပြုလုပ်ရန် အစည်းအဝေးရောက်မြေနုရွာကျေင်းသား/သူဟောင်းများ၏အကြိုလုပ်ငန်း ညှိနှိုင်း အစည်းအဝေးမှတ်တမ်း
(၁) အစည်းဝေးတက်ရောက်သူများ
---------------------------------------
အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအစည်းအဝေးတက်ရောက်ကြပါသည်
၁။ ဒေါက်သာ အရှင်သာဓိန
၂။ အရှင် ကဝိန္ဒ
၃။ ဦးဝင်းဇော်အေး
၎။ ဦးမောင်စိုး
၅။ ဦးမောင်ဇော်
၆။ ဦးနေအောင်လတ်
၇။ ဦးမိုးကျော်
၈။ ဦးအုန်းဖေ
၉။ ဦးဇော်နိုင်
၁၀။ ဦးတင်အောင်
၁၁။ ဦးလှိုင်မင်းစံ
၁၂။ ဦးသက်စိုး
၁၃။ ဦးအောင်ခိုင်
၁၄။ ဦးဇော်မိုး
၁၅။ ဦးဝင်းဇော်မျိုး
၁၆။ ဦးငြိမ်းကျော်
၁၇။ ဒေါ်မြင့်မြင့်ဌေး
၁၈။ ဒေါ်မူမူလင်း
၁၉။ ဦးဇော်မင်းထိုက်
၂၀။ ဦးကျော်မျိုးလင်း
၂၁။ ဦးကျော်ခိုင်
၂၂။ ဦးဇာနည်မောင်
၂၃။ ဦးသော်ဇင်
(၂) ရည်ရွှယ်ချက်
--------------------
စလင်းမြို့နယ် မြေနုကျေးရွှာအုပ်စု မြေနုကျေးရွှာ ( ယခု ) အ-လ-က ( ခွဲ ) တွင် ပထမ အကြိမ် အာစရိယ ပူဇော်ပွဲ အောင်မြင်စွာပြုလုပ်ဆောင်ရွှက်ရန်
(၃) ဆွေးနွေးချက်များ
-------------------------
(က) ဒေါက်တာအရှင်သာဓိနမှ အဖွင့် သြဝါဒ မိန့်၍ ပရဟိတ လုပ်ငန်းများနှင့် လုပ်ငန်းတာဝန်များဆွေးနွေးပါသည်။
(ခ) အဝေးရောက် ဘဏ္ဍာငွေရှာဖွေရေးအလုပ်အမူ့ဆောင်အဖွဲ့ ဖွဲစည်းရန်ဆွေးနွေးပါသည်။
(ဂ) ဘဏ္ဍငွေရှာဖွေရေး စုဆောင်းရေး ထိန်းသိန်းမှု့ ပုံစံအတွက်ဆွေးနွေးပါသည်။
( ဃ ) အပူဇော်ခံ ကန်တော့ခံမည့်ဆရာ/ဆရာမများအား ရွေးချယ် ကန့်သက်၍အရေအတွက် သိရှိရန်ဆွေးနွေးပါသည်။
( င ) အာစရိယ ပူဇော်ပွဲ ကျင်းပပြုလုပ်မည့်နေရာ,ရက်စွဲ,
အချိန်အတွက်ဆွေးနွေးပါသည်။
( စ ) မြေနုရွာ အာစရိယပူဇော်ပွဲကျင်းပရာ၌ ရွာတွင်ဦးဆောင် ဆောင်ရွက်မှု့ အလုပ်အမှုဆောင် အတွက်ဆွေးနွေးပါသည်။
(၄) ဆုံးဖြတ်ချက်များ
-------------------------
(က)ဒေါက်တာအရှင်သာဓိနမှ အဖွင့်သြဝါဒ မိန့်ကြားရာ၌ ဦးဆောင် ဆောင်ရွက်သူများသည် ပရဟိတ စိတ်ဓာတ်အပြည့်အဝထား၍ အနှစ်နာခံဆောင်ရွက်ရန်
(ခ)မြေနုရွှာ အာစရိယပူဇော်ပွဲအတွက်အဝေးရောက်အလုပ်အမှုဆောင်အဖွဲ့အား
ဦးဝင်ဇော်အေး ( ဥက္ကဌ/ဘဏ္ဍာရေးမူး )
ဦးဇာနည်မောင် (ဒု-ဥက္ကဌ / ဒု-ဘဏ္ဍာရေးမှုး)
ဦးကဝိန္ဒ ( ပြန်ကြားရေး)နှင့် အစည်းအဝေး တတ်ရောက်သည့် (၂၃) ဦးသော အဝေးရောက် ကျောင်းသား/ သူများဖြင့်
ဘဏ္ဍငွေရှာဖွေးရေးအတွက် ဖွဲ့စည်းပါသည်။
(ထိုဘဏ္ဍာငွေရှာဖွေရန် မန္တလေးမြို့အတွက်
ကိုဆန်းမင်းဦးအား အစည်းအဝေးဆုံးဖြတ်ချက်အရ
ဘဏ္ဍာငွေရှာဖွေရေးအတွက် တာဝန်ပေးအပ်ပါသည်။)
(ဂ) ဘဏ္ဍာငွေရှာဖွေ / စုဆောင်း/ ထိန်းသိမ်းမူ့ပုံစံအနေဖြင့် ကျောင်းသား/သူဟောင်းများမှ လှူဒါန်းသည်
အလှူငွေရရှိသမျှအား အလှူရှင်ကိုယ်တိုင်သော် လည်းကေ
ာင်း/ အလှူငွေကောက်ခံသည့် ဘဏ္ဍငွေရှာဖွေရေး အဖွဲ့တဦးဦးမှလည်းကောင်း "အလင်းသစ်" စာကြည့်တိုက် Page ဖြင့် ဖွင့်ထားသော အရှင်ကဝိန္ဒထံသို့ Message ပို့ရန်။ အရှင်က၀ိန္ဒမှ အလှူရှင်နှင့် လှူဒါန်းငွေအား Message ရရခြင်း Facebookတွင် အလင်းသစ် စာကြည့်တိုက် Page ဖြင့် ချက်ခြင်း ကြေညာရန်။
( အလှူရှင်များမှ အလှူငွေများအား ချက်ချင်း/လက်ငင်း လှူဖို့ အခက်အခဲဖြစ်ပါက ရှေးဦးစွာ စာရင်းပေးသွင်း၍ လှူဒါန်းထားနိုင်ပါသည်။
လက်ငင်း လှူလိုလျှင် ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့သို့ လှူဒါန်းနိုင်ပါသည်။ ထိုဘဏ္ဍာငွေရှာဖွေရေးမှတဖန် ဘဏ္ဍာရေးမှုးထံသို့ အပ်နှံရန်။
(ဘဏ္ဍာရေးမှုးမှ ဘဏ်အကောက်တစ်ခုဖွင့်၍
ဘဏ္ဍာငွေ ထိန်းသိမ်းထားရန်။)
(ဃ) အာစရိယ ပူဇော်ပွဲတွင်ပူဇော်ခံ /ကန်တော့ခံမည့်ဆရာ/ ဆရာမကြီးများအား အသက်(50) နှင့် (50)အထက် သက်မှတ်၍ အောက်ပါ (၁၂)ဦးဖြင့် ရွေးချယ်သတ်မှတ်ထားရန်။
(၁) ဆရာကြီး ဦးခင်စိုးလတ် (မြေနု)
(၂) ဒေါ်သောင်းဌေး (ဇီးဖြူပင်)
(၃) ဦးခင်မောင်ဝင်း (ဆင်မကျွန်း)
(၄) ဦးအေးသွင် (မြို့လှ)
(၅) ဦးရဲထွဋ် (တညောင်)
(၆) ဦးဇော်ဝင်း ( မြို့လှ)
( ၇) ဦးအောင်မောင်း (ရေပေါ်ကျွန်း)
(၈) ဒေါ်ခင်မေအောင် (ဆင်ဖြူကျွန်း)
(၉) ဒေါ်လှစန်း (စည်ဆွဲ)
(၁၀) ဒေါ်နီနီမြင့် (တညောင်)
(၁၁) ဦးတင်ဝင်း (မြေနု)
(၁၂) ဒေါ်ခင်မျိုးဝင်း (မြေနု)
(င) ပထမ အကြိမ်အာစရိယ ပူဇော်ပွဲအား စလင်းမြို့နယ် မြေနုကျေးရွှာအုပ်စု မြေနုကျေးရွှာတွင် ၂၀၁၆ ခုနှစ် ဒီဇင်လ (၁၅) ရက်နေ့ (08:00)နာရီ ၌ ကျင်းပပြုလုပ်ရန်
(စ) မြေနုရွှာ ပထမအကြိမ် အာစရိယ ပူဇော်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရန် မြေနုရွှာတွင် ဦးဆောင် ဆောင်ရွက်မည့် အလုပ်အမှု့ဆောင်အဖွဲနှင့် ဘဏ္ဍာငွေရှာဖွေရေး အဖွဲ့အားဦးနေအောင်လတ်နှင့် ဦးမိုးကျော်တို့မှ ဦးဆောင် ဖိတ်ကြား၍ ဖွဲ့စည်းရန်
၅။ အစည်းဝေးရုပ်သိမ်းခြင်း
--------------------------------
အစည်းအဝေးအား (၁၄ :၃၀) နာရီတွင်အောင်မြင်စွာပြီးဆုံးသွားပါသည်။
ဦးနေအောင်လတ်
(မှတ်တမ်းတင်သူ)
ရက်စွဲ ။ ။ ၂၀၁၆ ခုနှစ် သြဂုတ်လ (၆) ရက် ဖြန့်ဝေခြင်း "အလင်းသစ်"Facebook Page,
Photo ~ အရှင်က၀ိန် အလင်းသစ်
Posted by - အလင်းသစ် စာကြည့်တိုက်
(၁) အစည်းဝေးတက်ရောက်သူများ
---------------------------------------
အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအစည်းအဝေးတက်ရောက်ကြပါသည်
၁။ ဒေါက်သာ အရှင်သာဓိန
၂။ အရှင် ကဝိန္ဒ
၃။ ဦးဝင်းဇော်အေး
၎။ ဦးမောင်စိုး
၅။ ဦးမောင်ဇော်
၆။ ဦးနေအောင်လတ်
၇။ ဦးမိုးကျော်
၈။ ဦးအုန်းဖေ
၉။ ဦးဇော်နိုင်
၁၀။ ဦးတင်အောင်
၁၁။ ဦးလှိုင်မင်းစံ
၁၂။ ဦးသက်စိုး
၁၃။ ဦးအောင်ခိုင်
၁၄။ ဦးဇော်မိုး
၁၅။ ဦးဝင်းဇော်မျိုး
၁၆။ ဦးငြိမ်းကျော်
၁၇။ ဒေါ်မြင့်မြင့်ဌေး
၁၈။ ဒေါ်မူမူလင်း
၁၉။ ဦးဇော်မင်းထိုက်
၂၀။ ဦးကျော်မျိုးလင်း
၂၁။ ဦးကျော်ခိုင်
၂၂။ ဦးဇာနည်မောင်
၂၃။ ဦးသော်ဇင်
(၂) ရည်ရွှယ်ချက်
--------------------
စလင်းမြို့နယ် မြေနုကျေးရွှာအုပ်စု မြေနုကျေးရွှာ ( ယခု ) အ-လ-က ( ခွဲ ) တွင် ပထမ အကြိမ် အာစရိယ ပူဇော်ပွဲ အောင်မြင်စွာပြုလုပ်ဆောင်ရွှက်ရန်
(၃) ဆွေးနွေးချက်များ
-------------------------
(က) ဒေါက်တာအရှင်သာဓိနမှ အဖွင့် သြဝါဒ မိန့်၍ ပရဟိတ လုပ်ငန်းများနှင့် လုပ်ငန်းတာဝန်များဆွေးနွေးပါသည်။
(ခ) အဝေးရောက် ဘဏ္ဍာငွေရှာဖွေရေးအလုပ်အမူ့ဆောင်အဖွဲ့ ဖွဲစည်းရန်ဆွေးနွေးပါသည်။
(ဂ) ဘဏ္ဍငွေရှာဖွေရေး စုဆောင်းရေး ထိန်းသိန်းမှု့ ပုံစံအတွက်ဆွေးနွေးပါသည်။
( ဃ ) အပူဇော်ခံ ကန်တော့ခံမည့်ဆရာ/ဆရာမများအား ရွေးချယ် ကန့်သက်၍အရေအတွက် သိရှိရန်ဆွေးနွေးပါသည်။
( င ) အာစရိယ ပူဇော်ပွဲ ကျင်းပပြုလုပ်မည့်နေရာ,ရက်စွဲ,
အချိန်အတွက်ဆွေးနွေးပါသည်။
( စ ) မြေနုရွာ အာစရိယပူဇော်ပွဲကျင်းပရာ၌ ရွာတွင်ဦးဆောင် ဆောင်ရွက်မှု့ အလုပ်အမှုဆောင် အတွက်ဆွေးနွေးပါသည်။
(၄) ဆုံးဖြတ်ချက်များ
-------------------------
(က)ဒေါက်တာအရှင်သာဓိနမှ အဖွင့်သြဝါဒ မိန့်ကြားရာ၌ ဦးဆောင် ဆောင်ရွက်သူများသည် ပရဟိတ စိတ်ဓာတ်အပြည့်အဝထား၍ အနှစ်နာခံဆောင်ရွက်ရန်
(ခ)မြေနုရွှာ အာစရိယပူဇော်ပွဲအတွက်အဝေးရောက်အလုပ်အမှုဆောင်အဖွဲ့အား
ဦးဝင်ဇော်အေး ( ဥက္ကဌ/ဘဏ္ဍာရေးမူး )
ဦးဇာနည်မောင် (ဒု-ဥက္ကဌ / ဒု-ဘဏ္ဍာရေးမှုး)
ဦးကဝိန္ဒ ( ပြန်ကြားရေး)နှင့် အစည်းအဝေး တတ်ရောက်သည့် (၂၃) ဦးသော အဝေးရောက် ကျောင်းသား/ သူများဖြင့်
ဘဏ္ဍငွေရှာဖွေးရေးအတွက် ဖွဲ့စည်းပါသည်။
(ထိုဘဏ္ဍာငွေရှာဖွေရန် မန္တလေးမြို့အတွက်
ကိုဆန်းမင်းဦးအား အစည်းအဝေးဆုံးဖြတ်ချက်အရ
ဘဏ္ဍာငွေရှာဖွေရေးအတွက် တာဝန်ပေးအပ်ပါသည်။)
(ဂ) ဘဏ္ဍာငွေရှာဖွေ / စုဆောင်း/ ထိန်းသိမ်းမူ့ပုံစံအနေဖြင့် ကျောင်းသား/သူဟောင်းများမှ လှူဒါန်းသည်
အလှူငွေရရှိသမျှအား အလှူရှင်ကိုယ်တိုင်သော် လည်းကေ
ာင်း/ အလှူငွေကောက်ခံသည့် ဘဏ္ဍငွေရှာဖွေရေး အဖွဲ့တဦးဦးမှလည်းကောင်း "အလင်းသစ်" စာကြည့်တိုက် Page ဖြင့် ဖွင့်ထားသော အရှင်ကဝိန္ဒထံသို့ Message ပို့ရန်။ အရှင်က၀ိန္ဒမှ အလှူရှင်နှင့် လှူဒါန်းငွေအား Message ရရခြင်း Facebookတွင် အလင်းသစ် စာကြည့်တိုက် Page ဖြင့် ချက်ခြင်း ကြေညာရန်။
( အလှူရှင်များမှ အလှူငွေများအား ချက်ချင်း/လက်ငင်း လှူဖို့ အခက်အခဲဖြစ်ပါက ရှေးဦးစွာ စာရင်းပေးသွင်း၍ လှူဒါန်းထားနိုင်ပါသည်။
လက်ငင်း လှူလိုလျှင် ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့သို့ လှူဒါန်းနိုင်ပါသည်။ ထိုဘဏ္ဍာငွေရှာဖွေရေးမှတဖန် ဘဏ္ဍာရေးမှုးထံသို့ အပ်နှံရန်။
(ဘဏ္ဍာရေးမှုးမှ ဘဏ်အကောက်တစ်ခုဖွင့်၍
ဘဏ္ဍာငွေ ထိန်းသိမ်းထားရန်။)
(ဃ) အာစရိယ ပူဇော်ပွဲတွင်ပူဇော်ခံ /ကန်တော့ခံမည့်ဆရာ/ ဆရာမကြီးများအား အသက်(50) နှင့် (50)အထက် သက်မှတ်၍ အောက်ပါ (၁၂)ဦးဖြင့် ရွေးချယ်သတ်မှတ်ထားရန်။
(၁) ဆရာကြီး ဦးခင်စိုးလတ် (မြေနု)
(၂) ဒေါ်သောင်းဌေး (ဇီးဖြူပင်)
(၃) ဦးခင်မောင်ဝင်း (ဆင်မကျွန်း)
(၄) ဦးအေးသွင် (မြို့လှ)
(၅) ဦးရဲထွဋ် (တညောင်)
(၆) ဦးဇော်ဝင်း ( မြို့လှ)
( ၇) ဦးအောင်မောင်း (ရေပေါ်ကျွန်း)
(၈) ဒေါ်ခင်မေအောင် (ဆင်ဖြူကျွန်း)
(၉) ဒေါ်လှစန်း (စည်ဆွဲ)
(၁၀) ဒေါ်နီနီမြင့် (တညောင်)
(၁၁) ဦးတင်ဝင်း (မြေနု)
(၁၂) ဒေါ်ခင်မျိုးဝင်း (မြေနု)
(င) ပထမ အကြိမ်အာစရိယ ပူဇော်ပွဲအား စလင်းမြို့နယ် မြေနုကျေးရွှာအုပ်စု မြေနုကျေးရွှာတွင် ၂၀၁၆ ခုနှစ် ဒီဇင်လ (၁၅) ရက်နေ့ (08:00)နာရီ ၌ ကျင်းပပြုလုပ်ရန်
(စ) မြေနုရွှာ ပထမအကြိမ် အာစရိယ ပူဇော်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရန် မြေနုရွှာတွင် ဦးဆောင် ဆောင်ရွက်မည့် အလုပ်အမှု့ဆောင်အဖွဲနှင့် ဘဏ္ဍာငွေရှာဖွေရေး အဖွဲ့အားဦးနေအောင်လတ်နှင့် ဦးမိုးကျော်တို့မှ ဦးဆောင် ဖိတ်ကြား၍ ဖွဲ့စည်းရန်
၅။ အစည်းဝေးရုပ်သိမ်းခြင်း
--------------------------------
အစည်းအဝေးအား (၁၄ :၃၀) နာရီတွင်အောင်မြင်စွာပြီးဆုံးသွားပါသည်။
ဦးနေအောင်လတ်
(မှတ်တမ်းတင်သူ)
ရက်စွဲ ။ ။ ၂၀၁၆ ခုနှစ် သြဂုတ်လ (၆) ရက် ဖြန့်ဝေခြင်း "အလင်းသစ်"Facebook Page,
Photo ~ အရှင်က၀ိန် အလင်းသစ်
Posted by - အလင်းသစ် စာကြည့်တိုက်
Subscribe to:
Posts (Atom)