Sunday, June 12, 2016
" အတက်ပညာနှင့် အသိပညာ "
အတက်ပညာသည်
မိမိဘ၀ကောင်းစားရေးအတွက်
လူတော်တစ်ယောက်ဖြစ်စေဖို့
ပဓာနအားသားချက်ဖြစ်သည်။
အတက်ပညာကို အတန်းပညာစသည်နှင့်
သင်တန်းဆရာဆီမှ သင်ယူရ၍
အတန်းပညာနှင့် ဆရာများမှ
အနဲအကျဉ်းသာ အသိပညာပေးနိုင်သည်။
အသိပညာသည်
မိမိဘ၀ရော မိမိပါတ်ဝန်းကျင်ပါ
ကောင်းစားရေးအတွက်
လူကောင်းတစ်ယောက်ဖြစ်စေဖို့
ပဓါန အားသာချက်ဖြစ်သည်။
အသိပညာကို စာကြည့်တိုက်စသည်နှင့်
လောကကြီးအတွင်း သင်ယူရ၍
လောကကြီးနှင့် စာကြည့်တိုက်များမှ
အနဲအကျဉ်းသာ အတက်ပညာကိုပေးစွမ်းသည်။
မိမိကောင်းစားဖို့ အတက်ပညာသင်ယူခြင်းထက်
မိမိရော မိမိပါတ်ဝန်းကျင်ပါကောင်းစားစေဖို့
အသိပညာများပါ သင်ယူနိုင်ပါလျှင်
လူတော်လူကောင်းများ ပိုဖြစ်နိုင်ပါသည်။
လူတော် လူကောင်းများ မွေးထုပ်ပေးပါ မြေနုရွာ
Posted by -
Ashin Kavinda
Alinnthit Library
Subscribe to:
Post Comments (Atom)
No comments:
Post a Comment