Monday, June 13, 2016

" ကတညုတ ကတဝေဒီ "

"မိမိအပေါ်တွင် သူတစ်ပါးတို့ ပြုပေးခဲ့ဖူးသော
ကျေးဇူးတရားကို အမှန်အတိုင်း အရှိအတိုင်း
သိနေခြင်းကို-ကတညုတ-ဟု ခေါ်၏။"

"ကျေးဇူးသိရုံတင်မကပဲ
မိမိအပေါ်တွင် တင်ရှိနေသော ကျေးဇူးတရားကို
မမေ့မလျော့ပဲ (မေ့လျော့မထားဘဲ)
သိတတ်, ပြောဆိုတတ်ပြီး အခါအခွင့်ပေးလာလျှင်
တုံ့ပြန်ကျေးဇူးဆပ်ခြင်းကို ကတဝေဒီ-ဟု ခေါ်၏။"

ထို့ကြောင့်
ကျေးဇူးရှိခဲ့ဖူးသော
ကျေးဇူးရှင်တို့အား ကျေးဇူးဆပ်သောအားဖြင့်
အာစရိယ ပူဇော်ပွဲ ကျင်းပပြုလုပ်လိုပါသည်။

မြေနုရွာမှ လူငယ်မောင်မယ်
ကျောင်းသားဟောင်း ကျောင်းသူဟောင်းများ
ဝိုင်းဝန်းအကြံပြုပေးကြပါရန်
အလင်းသစ် စာကြည့်တိုက် အွန်လှိုင်းအဖွဲ့မှ
ဖိတ်မန္တကပြုအပ်ပါသည်။

အလင်းသစ်အဖွဲ့ရည်ရွယ်ထားသည်မှာ-
ယခုနှစ် နတ်တော်လ ဘုရားပွဲချိန်အတွင်း
မြေနုရွာအခြေခံပညာသင်ကျောင်းမှာ
တာဝန်ကျပြီး တာဝန်ကျဆဲ
ကျေးဇူးရှင် ဆရာကြီး ဆရာမကြီးများကို
စာသင်ပြီး စာသင်ဆဲ ကျောင်းသား ကျောင်းသူများ
(ကျောင်းသားဟောင်းများ)မှ
အာစရိယ ပူဇော်ပွဲ ကျင်းပပြုလုပ်လိုပါသည်။

ကျောင်းသားဟောင်းများဟူသည်-
မြေနုရွာစာသင်ကျောင်းတွင်
သူငယ်တန်းပင်နေဖူးစေကာမူ
ကျောင်းသားဟူ၍ပင်
အသိအမှတ်ပြုထားပါသဖြင့်
မြေနုရွာတွင် စာသင်ဖူးသည့်
ညီငယ်မောင်မယ်များအားလုံးကို
ရည်ညွန်းပါသည်။

သို့ဖြစ်ပါ၍ အားလုံးသော
ကျောင်းသားဟောင်း ကျောင်းသူဟောင်းများကို
အရင်ဆုံး မြတ်ဆရာကန်တော့ဖို့အတွက်
ရန်ပုံငွေကောက်ခံရန်
"အွန်လှိုင်းကော်မတီတစ်ရပ်" အရင်ဆုံးဖွဲ့စည်းလိုပါသည်။

အမြို့မြို့အနယ်နယ်တွင် ရောက်ရှိနေသော
အားလုံးသောကျောင်းသား/ကျောင်းသူဟောင်းများ
မိမိတို့ရောက်ရှိနေသည့်
မြို့ရွာများကို
ကွန်မန့်မှာသတင်းပေးကြပါရန်
"အလင်းသစ် စာကြည့်တိုက် မြေနုရွာ"
အဒ်ဒမန် အွန်လှိုင်းအဖွဲ့မှ
မေတ္တာရပ်ခံအပ်ပါသည်။

အာစရိယပူဇော်ပွဲအတွက်
ဦးဆောင်တိုက်တွင်းသူများဖြစ်သည့်
အလင်းသစ် စာကြည့်တိုက် အဒ်ဒမန် အဖွဲ့
၁။ ဦးမျိုးညွန့် အလင်းသစ်စာကြည့်တိုက်မှုး မြေနုရွာ
၂။ ဆရာမိုးကျော် ဆိတ်ဖြူရာပြည့်ဘော်ဒါ
၃။ ဆရာအောင်ကျော်ဝင်း ရေအားလျှပ်စစ်ဌာန
၎။ မောင်ဇာနည်မောင် ရန်ကုန်
၅။ မောင်ဆန်းမင်းဦး မန္တလေး
၆။ မောင်ကျော်မျိုးလင်း ရန်ကုန်
၇။ အရှင်က၀ိန္ဒ ရန်ကုန်

"ကတညုတ ကတဝေဒီ
မေတ္တာရှေ့ဦး၊ ပြုပေဖူးဟု၊ ကျေးဇူးသိမှု၊ ကတညုတည့်၊
ထိုသူထက်ပင်၊ ကျေးဇူးအင်ကို၊ ထင်ထင်မချွတ်၊ ပြောဆိုတတ်က၊
သူမြတ်မှန်လှ၊ ကတဝေဒီ၊ ဟူတုံပြီရှင့်၊
ဤလူ့ဘ၀၊ လူ့လောက၌၊ ဉာဏသမ္ပဇဉ်၊ ကင်းမယှဉ်ပဲ၊ ကတညုတ၊ ကတဝေဒီ၊
မသိတတ်သူ၊ လူမသမာ၊ ထိုများစွာတို့၊ ချမ်းသာစီးပွား၊ လျော့ပါးယိမ်းယိုင်၊ မြဲမနိုင်ဘူး။
ဓမ္မကရိုဏ်းစစ်ရေ၊ ကျဖျားရေသို့၊ သရေမတိုး၊ ဘုန်းရောင်ညှိုးလျက်၊ တန်ခိုးနေ့ည၊
ဆုတ်လပမာ၊ ယုတ်တတ်စွာ၏။ ( မဃဒေ၀ )"

"၀ိုင်းဝန်းဝေဖန် အကြံပြုပေးကြပါအုံး"
မြေနုရွာ ကျောင်းသား/သူများ၏
ညီညွတ်မှုကို အားယူလျှက်
အားလုံး ဦးဆောင်ကြပါစို့။

Posted by -
Ashin Kavinda
Alinnthit Library

No comments:

Post a Comment