မောင်တို့ရွာဝင်
စိမ်းစိုလွင်
ထနှောင်းပင်ပေါတာ မြေနုရွာ...
ရွာဝင်မြေလမ်း
မကျီးတန်း
တမာတန်းနဲ့သာ မြေနုရွာ...
ရွာဦးစေတီ
စုပေါင်းညီ
ဝိုင်းတည်ထားတာ မြေနုရွာ...
ရွာပြင်ပက်ပက်
ကျောင်းကန်ဆက်
သဒ္ဓါထက်တာ မြေနုရွာ...
ရွာစာသင်ကျောင်း
အားသစ်လောင်း
စုပေါင်းဆောက်တာ မြေနုရွာ...
ရွာစာကြည့်တိုက်
ပညာသိုက်
အသိဆိုက်တာ မြေနုရွာ...
ရွာဆေးပေးခန်း
မေတ္တာဖြန်း
ကရုဏာဆမ်းတာ မြေနုရွာ...
ရွာကစားကွင်း
လေ့ကျင်းရင်း
ဂုဏ်သတင်းမြှင့်တာ မြေနုရွာ...
ရွာပညာရေး
ဘော်ဒါငေး
ပညာပေးတာ မြေနုရွာ...
ရွာပညာသိ
ဇာတ်သဘင်ကြည့်
အနုပညာရှိတာ မြေနုရွာ...
ရွာပညာစုံ
လေ့လာမကုန်
ပညာတက်စုံတာ မြေနုရွာ...
ရွာသားပေါင်းစု
အားအင်ပြု
ပရဟိတမှုသာ မြေနုရွာ...
ကုသိုလ်ပြုတာ မြေနုရွာ....
==================
အရှင်က၀ိန္ဒ - 29-5-2018
မင်းကွန်းတောရ အင်းစိန် ရန်ကုန်
ဝန်ခံချက် =
ဖတ်ခဲ့ဖူးသော ကဗျာအပိုင်းအစကို ကာရံယူ၍
ရွာရှိအထင်ကရများဖြင့် မိုးအေးအေးမှာ ရေးဖွဲ့ခဲ့သည်။
No comments:
Post a Comment