Saturday, January 7, 2017

ပူဇော်ပွဲပြီး မှတ်တမ်း

ပူဇော်ပွဲပြီး မှတ်တမ်း
***********************
မြေနုရွာ မြတ်ဆရာပူဇော်ပွဲပြီး
လက်ကျန်ငွေ ဆက်လက်ဆောင်ရွက်ရန်
ပူဇော်ပွဲဖြစ်မြောက်ရေး ကော်မတီများနှင့်
ကျောင်းဆရာ/ ဆရာမများကို ဖိတ်ကြား၍
23 - 12 - 2016 / 19:15 Pm အချိန်တွင်
မိမိရှိရာ မြောက်ကျောင်းသို့ခေါ်ယူပြီး
အစည်းအဝေး ကျင်းပခဲ့ပါသည်။
(မလာနိုင်သည့် ကော်မတီဝင်များက
အများသဘောအတိုင်း ဖြစ်ပါသည်ဟု ပြော)

ထိုစည်းဝေးပွဲတွင်
ပူဇော်ပွဲလက်ကျန်ငွေများ
(၁) တိုးပွါးခြင်း
(၂) ငွေတိုးခြင်း
(၃) ငွေပေးခြင်း
(၄) ငွေပေး/ ငွေသိမ်းခြင်း စသည်တို့ကို
ဆွေးနွေးတိုင်ပင်၍ ပြီးစီးခဲ့ပါသည်။
အစည်းအဝေး ဆုံးဖြတ်ချက်အရ
--------------------------------------
(၁) ငွေတိုးပွါးခြင်းကို
ဘဏ်အပ်ခြင်းနှင့်
ရွာတွင်ငွေတိုးပေးခြင်းကို ဆွေးနွေးရာ
ရွာတွင်သာငွေတိုးပေးဖို့ ကော်မတီများက
ဆန္ဒရှိသဖြင့် ရွာတွင်သာ ငွေတိုးပွါးစေခဲ့သည်။
(၂) ငွေတိုးခြင်းကို
ငွေပေးသူ ငွေယူသူ
အဆင်ပြေစေရန်အတွက်
သုံးကျပ်တိုး သက်မှတ်ခဲ့ပါသည်။
(၃) ငွေပေးခြင်းကို
ကော်မတီဝင်များနှင့်
အလှူငွေကောက်ခံပေးသည့်
ဆရာမများ ဦးစားပေးပြီး ငွေပေးစေခဲ့သည်။
(၄) ငွေပေးရက်/ ငွေသိမ်းရက်ကို
နတ်တော်လမကုန်ခင် ငွေပေး၍
နောက်နှစ် တန်ဆောင်မုန်းလကုန်လျှင်
ငွေရင်း/ ငွေတိုး အကုန်သိမ်းစနစ်ဖြင့်
ကော်မတီဝင် ဦးသောင်းမြင့်နှင့်
ကော်မတီအဖွဲ့ထံတွင်
အပ်နှံပေးရန် ဆုံးဖြတ်ခဲ့ပါသည်။
သိလိုသည်များရှိလျှင်
ဦးက၀ိန္ဒ - ၀၉ ၄၂၀ ၁၇၉ ၄၀၉ ကို
ဖုန်းဆက်၍ မေးမြန်းနိုင်ပါသည်။
နောက်ဆက်တွဲ သတင်း
*****************************
ကျောင်းသားဟောင်းများကောင်းမှုဖြင့်
ကျောင်းစာဖတ်ခန်းပြုလုပ်ပေးဖြင်းတွင်
ကျောင်းအုပ်ဆရာမကြီးနှင့်
အလကခွဲမြေနုကျောင်းမှ
ကျောင်းဆရာ/ မများသည်
ကျောင်းကော်မတီငွေဖြင့်
စာဖတ်ခန်းကို ပြုပြင်ပေးပြီး
ကျောင်းတွင်ပိုနေသော
အထပ်သားများကိုလည်း
လိုအပ်သလို သုံးစွဲရန် ခွင့်ပြုခဲ့ပါသည်။
ကျောင်းသားဟောင်းများ
ကောင်းမှုအလှူငွေဖြင့်
ကျောင်းသားဖတ် စာအုပ်များ စာအုပ်စဉ်နှင့်
စာဖတ်ခန်းသုံး ဆရာသုံးစားပွဲကို
လှူဒါန်းခဲ့၍
ကျောင်းသားထိုင်ခုံငယ်များကို
ရန်ကုန်မြို့နေ အရှင်က၀ိန္ဒနှင့်
ကိုဇော်မျိုးဌေး မိသားစုမှ
လှူဒါန်းခဲ့ပါသည်။
ကျောင်းစာဖတ်ခန်းတွင်
စာကြည့်စားပွဲ လေးလုံးလိုအပ်လျှက်ရှိရာ
တစ်လုံးကို "ဆုံစည်းရာ ကိုနိုင်လင်းမှ
ပေးလှူမည်ဖြစ်သလို
စာရေးသူ မိမိ"အရှင်က၀ိန္ဒ" မှလည်း စာကြည့်စားပွဲတစ်လုံး
ကိုအောင်ကျော်ဝင်း မှ
ကျောင်းသား စာကြည့်စားပွဲတစ်လုံး
ဖုန်းဆက်
လှူဒါန်းပေးပါမည်။
စာဖတ်ခန်းအတွက်
နောက်ထပ်လိုအပ်မှုမှာ
ကျောင်းသားစာဖတ်စားပွဲ စ်လုံးသာ
လိုအပ်ပါတော့သည်။

လှူဒါန်းလိုလျှင် သိရှိလိုလျှင်
အရှင်က၀ိန္ဒ Ph - 09 420 179 409
အလင်းသစ် စာကြည့်တိုက် ပေ့ခ်ျ မှ
"Call Now" ကို ခေါ်ဆို၍ မေးမြန်းနိုင်သည်။
Photo ~ အရှင်က၀ိန္ဒ
Posted by - အလင်းသစ် စာကြည့်တိုက် မြေနု

No comments:

Post a Comment