Saturday, January 7, 2017

ဆရာတော် ဒေါက်တာသာဓိန၏ ၂၀၁၇ ခုနှစ် နှစ်သစ်ကူးလက်ဆောင်

"မကူးတတ်ရင် နစ်သေမယ် "
***********************
   နှစ်ကူးပါပီ၊
မြန်မာနှစ်တော့မဟုတ် အင်္ဂလိပ်နှစ်ပေါ့။ ဘယ်နှစ် ဘာနှစ်ပဲ ကူးကူးပေါ့။
သေချာတာက ခင်ဗျားရော ကျုပ်ရော အချိန်တစ်ခု အတူဖြတ်သန်းခဲ့တာပေါ့။

အဲဒီလိုဖြတ်သန်းခဲ့ရာမှာ ခင်ဗျားရော ကျုပ်ရော အကောင်းရော အဆိုးရော ဖြတ်သန်းခဲ့ကြတာလည်း တူမှာပါပဲ။
အဲ မတူတာကတော့ အဲဒီနှစ်ခုထဲက အကောင်းအဆိုး ဘယ်သူကပိုများသလဲပေါ့။ ဒါကအဖြေပေးစရာမလိုတဲ့ပုစ္ဆာမျိုးပါ။
ဘယ်သူက ဘယ်ဘက်သာသာ များများ နဲနဲပေါ့။ အဖြေနဲ့အကျိုးရလဒ်ကလည်း ခင်ဗျားနဲ့ကျုပ်အတွက်ပဲမို့။
ဒီတော့ ပြီးခဲ့တာလည်း ပြီးပါပြီ။
အရေးကြီးတာက မပြီးသေးတဲ့ မနက်ဖန်တွက်ပါ။ မနက်ဖြန်ကောင်းဖို့တွက် ကျုပ်တို့နှစ်ယောက် တူတူလက်တွဲပီး ကြိုးစားကြည့်ရင် မကောင်းဘူးလား။
သဘောတူတယ်ဆိုရင် လက်တွဲကြည့်ရအောင်ပါ။
မနေ့ကအထိ ဒီနေ့ထိ ပြီးခဲ့တာတွေကိုတော့ နားလည်မှုတွေ ခွင့်လွတ်မှုတွေနဲ့ အပြစ်မမြင်ကြရအောင်ဗျာ။
ဆိုလိုတာက
ခင်ဗျားနဲ့ကျုပ် ခုကစပြီး
ပြင်ကြည့်ရအောင်
ကူးကြည့်ရအောင်လို့ပါ။
ဒါပေမယ့်ဗျာရေ
မကူးတတ်ရင်တော့
နစ်သွားမှာဗျနော့။
အင်္ဂလိပ်နှစ်သစ်ကို
မင်္ဂလာရှိစွာဖြင့်
ကြိုဆိုလိုက်ပါကြောင်း
ဒေါက်တာသာဓိန PhD
မင်းကွန်းတောရ
ရန်ကုန်
၁-၁-၂၀၁၇ (တနင်္ဂနွေနေ့ ည ၈:၅၃ နာရီ)
Posted by - အလင်းသစ် စာကြည့်တိုက် မြေနု

★★★ဇာတိချက်ကြွေမွေးရပ်မြေ ★★★

★★★ဇာတိချက်ကြွေမွေးရပ်မြေ ★★★
မြေနုကျေးရွာသည် ဘူတာရုံနဲ့မနီး အဝေးပြေးကားများရပ်နားရာ ကားဂိတ်နဲ့မနီး
ရေဇလာဝတီစစ်တမ်းအဝေးက ဧရာဝတီမြစ်နဲ့လည်းမနီးပါ...။

မြန်မာနိုင်ငံအလယ်ပိုင်းစလင်းမြို့နယ်ရဲ့မြောက်ဖက်အစွန် ဆိပ်ဖြူမြို့နယ်ရဲ့အနောက်စူးစူး မြို့နယ်နှစ်မြို့နယ်ကြားမှာတည်ရှိပါတယ်။

အရှေ့ဘက်တွင် ဆိပ်ဖြူမြို့နယ်ချင်တောင်ကျေးရွာ
တောင်ဖက်တွင်စလင်းမြို့နယ်တညောင်ကျေးရွာ အနောက်ဖက်တွင် စလင်းမြို့နယ် ကန်ကြီးကျေးရွာ မြောက်ဖက်တွင် ဆိပ်ဖြူမြို့နယ် စိန်ပန်းကုန်းကျေးရွာ တို့တည်ရှိပြီး ကျေးရွာခြင်းဆက်လမ်းများမှ တညောင်ရွာနှင့်ချိတ်ဆက်ထားသည့်လမ်းသာလျှင်မြေနီလမ်းဖြစ်ပြီး ကျန်သောကျေးရွာများမှ တောလမ်းများသာဖြစ်သည်။


ကျေးရွာသည်ချောင်ကြသည်ဟုဆိုနိုင်ပေသည်
ချောင်ကြသော်လည်း ရွာရဲ့တည်ရှိပုံမှသာယာလှပေသည်။
ကျွန်တော်တို့ရွာကိုအဝေးကနေကြည့်လျှင် ချိုင့်ဝှမ်းထည်းတွင်တည်ရှိသည်မှသိသာထင်ရှားလှပေသည်။


ရွာရဲ့အရှေ့ဘက်တွင်အရှေ့ကုန်းနဲ့ကျောက်မှော်ကုန်း အနောက်တောင်ဒေါင့်တွင် တောင်မြင့်ချောင်ကုန်း အနောက်ဖက်တွင် တူရွန်းတောင်ကုန်း အနောက်မြောက်ဖက်တွင် ဖုတ်တက်ကြီးကုန်းတို့အနားသတ်ထား၍ ဒယ်အိုးပုံစံနှင့်အလားသဏ္ဍန်တူလှပေသည်။
ရွာပတ်လည်တွင် ယာပြင်များတပြန့်တပြူးရှိနေပြီး ရွာမြောက်ဖက်ကပ်လျက်တွင် ထန်းတောကြီးမှရွာအဝင်တွင် သိသာထင်ရှားစေသည်။ အနော်ဖက်တွင်တော့ မှိုင်းညို့ညို့နှင့် ပြပြမြင်ရသည့် ရခိုင်ရိုးမတောင်တန်းနှင့်တဆက်ထည်းတည်ရှိသည့် တောင်တန်းအားမြင်ရပေသည်။ 


ရွာအဝင်တွင်လည်း ရှု့ကြည့်လှည့်ပါဦး
ရှေ့ဟောင်းအုပ်ကန် နှင့် ကျေးရွာအလှအားထင်ပေါ်စေသည့် မန်ကျီးပင်တန်းနှင့် ထနောင်းပင်လမ်း
ဆေးပေးခန်းနှင့်စာကြည့်တိုက်
တွဲးဖက်အလယ်တန်းကျောင်း ရွာအဝင်တနေရာထည်းတွင် ရသစုံစွာပေါ်လွင်စေပါသည်။
ရွာဦးရွာထိပ်တွင်တည်ထားကိုးကွယ်တော်မူသော ဆုတောင်းပြည့်ဘုရားမှလည်း သပ္ပါယ်လှပေသည်။ 


ရွာပတ်လည်တွင် ရွာရှေ့ကျောင်း၊တောင်ကျောင်းတိုက်၊မြောက်ကျောင်းတိုက် ကျောင်းတိုက်ကြီးသုံးကျောင်းအားထူးခြားစွာဖူးတွေ့ရပေမည်။ စေတီပုထိုးတန်ဆောင်းပြသာဒ်များမှာ ဘုရားသုံးဆူ၊သီရိစန္ဒာဘုရား၊တောင်ကုန်းစေတီ၊
ဗုဒ္ဓဘာသာအမွေအနစ် များစွာတန်ဖိုးဖြတ်မရအောင် တည်ရှိနေပါသည်။ရွာပတ်လည်တွင် မန်က်ျိးပင်တန်း၊ထနောင်းပင်၊တမာပင်၊ မိုးနည်းဒေသပေါက်ရောက်သည့် သဘာဝပေါက်ပင်များဖြင့် ကျေးရွာအား အေးမြမူ့ဖြစ်ပေါ်စေပါသည်။ယခင်နှစ် ၃၀ခန့်က ကျေးရွာတွင်ရေသုံးစွဲးမူ့မှ ရေတွင်းကြီးကန်၊အနောက်တွင်း၊ ကျောင်းတွင်းကြီးနှင့် အုပ်ကန်၊
ရွာရဲ့မြောက်ဖက်ရှိ စမ်းကလေးကန်၊
ဆပ်ပြာကျွန်းကန်များကိုအားထားအသုံးပြုရသည်။
ရေတွင်းကြီးတွင်ရေခပ်ရသည်များမှယခုအချိန်အထိပါးစပ်ရာဇဝင်များအဖြစ်ကျန်ရှိနေပါသည်။



ယခုတော့ဖြင့်ကျေးရွာအတွင်း၌ လက်နှိပ်တုံကင်တွင်းများဖြင့် မိမိအိမ်နှင့်နီးကပ်စွာရေသုံးစွဲရေခပ်နိုင်ပေသည်။
မြေနုရွာသည် အိမ်ခြေ ၃၅၀ကျော်၄၀၀ခန့်ရှိသည့် ကျေးရွာဖြစ်သည့်အတွက် မိရိုးဖလာတောင်သူလုပ်ငန်းကိုအများအားဖြင့်အားထားလုပ်ကိုင်သူများသာဖြစ်သည်။
ဈေးရောင်းဈေးဝယ်၊ပွဲစားများ နှင့် စက်မှူ့လက်မှူ့လုပ်ငန်းများ၊ရိုးရာမပျက် လက်ရက်ကမ်းစင်များလည်းရှိပါသေးသည်။
ဆည်မရှိ၊မြစ်ရေတင်မရှိ မိုးကိုသာအားကိုးရသည် မိုးလေမှန်လျင် တောင်သူတွေအဆင်ပြေသည် မိုးလေမမှန်လျင်အဆင်ပြေပါ။
မိုးလရာသီ ငရုပ်စိုက်ချိန်များနှင့် ငရုပ်သီးဆွတ်ခူးချိန်ကာလများတွင် မြေနုသူလုံမေလေးများရဲ့သံပြိုင်သီချင်းသံမှ သာယာနာပျော်ဖွယ်ရာ....။



........ရွာလိုက်ပါလားမိုးရယ်
မိုးရွာမှဖြိုးသာမှာပါ
တမျိုးတစ်ဘာသာမပြောင်းလိုပါဘူး
အပြစ်မဆိုစရာရွှေမိုးရွာဖြင့်
အချစ်ပိုကာ...အားအင်တိုးလို့ရယ်
ဒီနှစ်မှာရွှေငရုပ်ရယ်....တိုးလိုက်ပါလား။



တကယ်အားပါလှတဲ့ကဗျာလေးပါ မိုးရာသီကိုရောက်တိုင်းမှာ ဒီကဗျာလေးကသက်ဝင်လှူပ်ရှားစမြဲး။
ဥပုဒ်သီတင်း လပြည့်လကွယ် နံနက်တိုင်း ဥပုဒ်သီလဆောက်တည်ခြင်းအလှူဒါနပြုခြင်းများဖြင့် ကြည်နူးဖွယ်ရာကောင်းလှပေသည်။
ထူးခြားချက်မှ မှတ်တမ်းဝင် ဘုရားများတွင် ဦးပုဒ်နေ့တိုင်း ဆွမ်းချတရားများနာယူရန်ကြခြင်းပင်ဖြစ်သည်။
နံနက်ချိန်ခါ ဆွမ်းပေါင်လာကြပုံမှ ကြည်နူးသာယာလှပေသည်။
တလင်းတက်ချိန်အလှူကြီးပေးကြပုံများမှ တရွာလုံးမီးခိုးတိတ်ဆိုသည့်အတို်င်းဖြစ်ပါသည်။
မြေနုရွာရဲ့အထူးခြားဆုံးကာလမှ နတ်တော်လဖြစ်ပေသည်။ထိုလတွင်ဆုတောင်းပြည့်ဘုရားဆွမ်းလုံးချပွဲးအားအနည်နည်အရပ်ရပ်ရှိ ကျေးရွာစွန့်ခွာ၍ အလုပ်လုပ်ကြပါသောရွာသူရွာသားများပြန်လာသောကြောင်ဖြစ်သည်။
ဆွမ့်းလုံးချပွဲမှ အထူးစည်ကားလှသည် သံချပ်များယိမ်းအဖွဲ့များ၊သရုပ်ဖော်အကများဖြင့်
ပျော်ရွှင်စရာ ကောင်းလှပေသည်။
မြေနုရွာရဲ့အလှတရားများကိုက စာဖွဲ့၍ကုန်နိုင်မည်မထင်ပေ။
ကျွန်တော်သည် ကျေးရွာရဲ့ ကောင်းကျိုးအား
မည်သည့်နေရာကမဆို ကိုယ်စွမ်းဥာဏ်စွမ်းအကုန်ဖြင့် ပါဝင်သွားမည့်သူဖြစ်ပါသည်ဟု ဒီစာစုဖြစ် သက်သေပြုပါသည်။
နောင်အလျင်သင့်လျှင်လည်း ကျေးရွာအတွက် ကောင်းမူ့ဆိုးမူ့များအား ရဲးဝံ့စွာဖော်ကြူးရေးသားသွားမည်ဖြစ်ပါသည်ခင်ဗျာ။
မြေနုကိုချစ်တဲ့
မြေနုသားလေးSMO

ပူဇော်ပွဲပြီး မှတ်တမ်း

ပူဇော်ပွဲပြီး မှတ်တမ်း
***********************
မြေနုရွာ မြတ်ဆရာပူဇော်ပွဲပြီး
လက်ကျန်ငွေ ဆက်လက်ဆောင်ရွက်ရန်
ပူဇော်ပွဲဖြစ်မြောက်ရေး ကော်မတီများနှင့်
ကျောင်းဆရာ/ ဆရာမများကို ဖိတ်ကြား၍
23 - 12 - 2016 / 19:15 Pm အချိန်တွင်
မိမိရှိရာ မြောက်ကျောင်းသို့ခေါ်ယူပြီး
အစည်းအဝေး ကျင်းပခဲ့ပါသည်။
(မလာနိုင်သည့် ကော်မတီဝင်များက
အများသဘောအတိုင်း ဖြစ်ပါသည်ဟု ပြော)

ထိုစည်းဝေးပွဲတွင်
ပူဇော်ပွဲလက်ကျန်ငွေများ
(၁) တိုးပွါးခြင်း
(၂) ငွေတိုးခြင်း
(၃) ငွေပေးခြင်း
(၄) ငွေပေး/ ငွေသိမ်းခြင်း စသည်တို့ကို
ဆွေးနွေးတိုင်ပင်၍ ပြီးစီးခဲ့ပါသည်။
အစည်းအဝေး ဆုံးဖြတ်ချက်အရ
--------------------------------------
(၁) ငွေတိုးပွါးခြင်းကို
ဘဏ်အပ်ခြင်းနှင့်
ရွာတွင်ငွေတိုးပေးခြင်းကို ဆွေးနွေးရာ
ရွာတွင်သာငွေတိုးပေးဖို့ ကော်မတီများက
ဆန္ဒရှိသဖြင့် ရွာတွင်သာ ငွေတိုးပွါးစေခဲ့သည်။
(၂) ငွေတိုးခြင်းကို
ငွေပေးသူ ငွေယူသူ
အဆင်ပြေစေရန်အတွက်
သုံးကျပ်တိုး သက်မှတ်ခဲ့ပါသည်။
(၃) ငွေပေးခြင်းကို
ကော်မတီဝင်များနှင့်
အလှူငွေကောက်ခံပေးသည့်
ဆရာမများ ဦးစားပေးပြီး ငွေပေးစေခဲ့သည်။
(၄) ငွေပေးရက်/ ငွေသိမ်းရက်ကို
နတ်တော်လမကုန်ခင် ငွေပေး၍
နောက်နှစ် တန်ဆောင်မုန်းလကုန်လျှင်
ငွေရင်း/ ငွေတိုး အကုန်သိမ်းစနစ်ဖြင့်
ကော်မတီဝင် ဦးသောင်းမြင့်နှင့်
ကော်မတီအဖွဲ့ထံတွင်
အပ်နှံပေးရန် ဆုံးဖြတ်ခဲ့ပါသည်။
သိလိုသည်များရှိလျှင်
ဦးက၀ိန္ဒ - ၀၉ ၄၂၀ ၁၇၉ ၄၀၉ ကို
ဖုန်းဆက်၍ မေးမြန်းနိုင်ပါသည်။
နောက်ဆက်တွဲ သတင်း
*****************************
ကျောင်းသားဟောင်းများကောင်းမှုဖြင့်
ကျောင်းစာဖတ်ခန်းပြုလုပ်ပေးဖြင်းတွင်
ကျောင်းအုပ်ဆရာမကြီးနှင့်
အလကခွဲမြေနုကျောင်းမှ
ကျောင်းဆရာ/ မများသည်
ကျောင်းကော်မတီငွေဖြင့်
စာဖတ်ခန်းကို ပြုပြင်ပေးပြီး
ကျောင်းတွင်ပိုနေသော
အထပ်သားများကိုလည်း
လိုအပ်သလို သုံးစွဲရန် ခွင့်ပြုခဲ့ပါသည်။
ကျောင်းသားဟောင်းများ
ကောင်းမှုအလှူငွေဖြင့်
ကျောင်းသားဖတ် စာအုပ်များ စာအုပ်စဉ်နှင့်
စာဖတ်ခန်းသုံး ဆရာသုံးစားပွဲကို
လှူဒါန်းခဲ့၍
ကျောင်းသားထိုင်ခုံငယ်များကို
ရန်ကုန်မြို့နေ အရှင်က၀ိန္ဒနှင့်
ကိုဇော်မျိုးဌေး မိသားစုမှ
လှူဒါန်းခဲ့ပါသည်။
ကျောင်းစာဖတ်ခန်းတွင်
စာကြည့်စားပွဲ လေးလုံးလိုအပ်လျှက်ရှိရာ
တစ်လုံးကို "ဆုံစည်းရာ ကိုနိုင်လင်းမှ
ပေးလှူမည်ဖြစ်သလို
စာရေးသူ မိမိ"အရှင်က၀ိန္ဒ" မှလည်း စာကြည့်စားပွဲတစ်လုံး
ကိုအောင်ကျော်ဝင်း မှ
ကျောင်းသား စာကြည့်စားပွဲတစ်လုံး
ဖုန်းဆက်
လှူဒါန်းပေးပါမည်။
စာဖတ်ခန်းအတွက်
နောက်ထပ်လိုအပ်မှုမှာ
ကျောင်းသားစာဖတ်စားပွဲ စ်လုံးသာ
လိုအပ်ပါတော့သည်။

လှူဒါန်းလိုလျှင် သိရှိလိုလျှင်
အရှင်က၀ိန္ဒ Ph - 09 420 179 409
အလင်းသစ် စာကြည့်တိုက် ပေ့ခ်ျ မှ
"Call Now" ကို ခေါ်ဆို၍ မေးမြန်းနိုင်သည်။
Photo ~ အရှင်က၀ိန္ဒ
Posted by - အလင်းသစ် စာကြည့်တိုက် မြေနု

မြတ်ဆရာ ပူဇော်ပွဲ အလှူငွေစာရင်းချုပ်

မြေနုကျေးရွာ
အခြေခံပညာ အလယ်တန်း ကျောင်းခွဲ
မြတ်ဆရာ ပူဇော်ပွဲ အလှူငွေစာရင်းချုပ်
စုစုပေါင်း ကန်တော့ရန် ရရှိငွေ =
၄၁ ၇၅၄၀၀/ ကျပ်
စုစုပေါင်း ကန်တော့ရန် ကုန်ကျငွေ =
၁၈ ၃၀၉၀၀/ ကျပ်
စုစုပေါင်း ကန်တော့ပြီး လက်ကျန်ငွေ =
၂၃ ၄၄၅၀၀/ ကျပ်

အရှင်က၀ိန္ဒ = ပြန်ကြားရေး
Phone = ၀၉ ၄၂၀ ၁၇၉ ၄၀၉
ashin.kaweinda@gmail.com
+2