"မဘသ"သည် စဖွဲ့ကထဲက
အစိုးရတရားဝင် အသိအမှတ်ပြုထားခြင်း
မဟုတ်သည့်အတွက်
တရားဝင် ဖျက်သိမ်းလို့လည်း မရပါ။
မဘသ သည်
မိမိအမျိုး ဘာသာ သာသနာ အတွက်
အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်၍
အတင်းဖျက်သိမ်းရမည်ဆိုလျှင်
မဘသ ကို ပုဒ်မ/၁၄၄ ထုပ်ပြန်မှရနိုင်မည်။
သို့တည်းမဟုတ်
မဘသ အဖွဲ့ဝင်များကို
တစ်ပါးမကျန် တစ်ယောက်မကျန်
လိုက်သက်မှပဲ
မဘသ ပျက်စီးသွားမည်ဖြစ်သည်။
ဘာလို့လဲဆိုတော့
အမျိုး ဘာသာ သာသနာအတွက်
မဘသဆရာတော်ကြီးများ
လူပုဂ္ဂိုလ်များ မိမိအပါအ၀င်
ရင်ထဲ နှလုံးသားထဲကိန်းအောင်းပြီးဖြစ်နေလို့ပါ။
အဲ မဘသ အဖွဲ့တွေက
တစ်ခုတော့ ဆိုးတယ်ဗျ။
အမျိုး ဘာသာ သာသနာနဲ့ယှဉ်ရင်
ပါတီချစ်စိတ် ပုဂ္ဂိုလ်ချစ်စိတ်
ပျောက်သွားတက်ကြတယ်။
ဘာသာကို ပထမလို့ ခံယူထားသည့်အတွက်ပါ။
ဒါကို အစွန်းရောက်တယ်လို့လည်း
တစ်ချို့က သုံးသပ်ကြတာပေါ့။
မိမိ ဘာသာ မိမိလူမျိုး မိမိတိုင်းပြည်အတွက်
ချစ်တဲ့စိတ်နဲ့ အစွန်းရောက်ကြတာပါဗျာ။
ဒီအစွန်းရောက်မှုကလည်း
ဟို ဂုတ်ကျားကို သက်ရမယ်
ဒီ ငနီကို လည်လှီးရမယ်လို့ မပြောပါဘူး။
မဘသ၏ မဟော်သဓာအထက်တန်းကျောင်း
မဘသ၏ ဓမ္မစကူးလ်များတွင် ပါဝင်နေမှု
မဘသ၏ ရေဘေး လေဘေး မီးဘေးတွေမှာ
အကူအညီပေးနေခြင်းအားဖြင့် သိနိုင်ပါတယ်။
ဘာသာအရေး လူမျိုးအရေးကို
မရှိတာကို မရှိ၊ ရှိတာကို ရှိတဲ့အတိုင်း
တာဝန်ရှိသူများဖြေရှင်းရဲဖို့ ထုပ်ပြန်ရဲဖို့
အမှန်ကို နားလည်စေဖို့
မိမိတို့မျိုးဆက်သစ်များအတွက်
ဘာသာသာသနာနှင့် တိုင်းပြည်ကို ကာကွယ်တက်ဖို့
ထောက်ပြဝေဖန်ရုံသက်သက်
အစွန်းရောက်ကြတာပါ။
ဒါကို ဝေဖန်မခံချင်ရင်
ဝေဖန်မရအောင်
လုပ်ပြလိုက်စမ်းပါဗျာ
သာဓု ခေါ်ချင်လွန်းလို့ပါ။
မဘသကို မလိုလားသူတွေက
ဘာကြောင့်မလိုလားလဲဆိုတာ
သူတို့ပဲ သိနိုင်လိမ့်မည်။
မဟန ရှိနေလို မဘသ မလိုအပ်ပါဘူးဆိုလျှင်
မွတ်ဆလင်အဖွဲ့ချုပ်အောက်က
မွတ်ဆင်အဖွဲ့ခွဲတွေ
ဟိုစောစောပိုင်းကတင် ဖွဲ့စည်းထားတဲ့
မြန်မာမွတ်ဆလင်ရှေ့နေများဆိုတဲ့ အဖွဲ့တွေ
အရင်ဖျက်သိမ်းပြလိုက်စမ်းပါ (လုပ်ရဲရင်ပေါ့)။
ခုတော့ ဗျာ
တော်ကြာ ဘုရားရတနာရှိနေတာပဲ
တရားရတနာ သံဃာရတနာ မလိုအပ်ပါဘူးဆို
ရတနာနှစ်ပါး မီးသဂြိုလ်ပြစ်မလားမပြောတက်ဘူး။
မိမိ သုံးသပ်မိသလောက်ပြောရရင်
************************************
မဘသ ဖျက်သိမ်းလိုသူ အမျိုးအစားက
*****************************************
(၁) မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များ။
(၂) ဘာသာတရားကို
သမိုင်းနဲ့ယှဉ်ပြီး မလေ့လာဖူးသူများ။
(၃) မဘသ တင်သွင်းတဲ့ ဥပဒေကို
မကြိုက်နှစ်သက်သူ။
(၄) ပါတီချစ်စိတ်နဲ့ ရောရောင်ဝေဖန်လေကန်နေသူ။
(၅) ဘာသာခြား အထောက်အပံ့နဲ့
ဘာသာခြားကို မလွန်ဆန်နိုင်သူ။
အကြံပြုပါရစေ
****************
နံပါတ် (၁) ပုဂ္ဂိုလ်များ
တကယ့်ဘာသာဝင်ဖြစ်အောင်ကြိုးစားကြ။
လေးပါးနှင့် လေးပါးအထက် သံဃာမည်၏
မဟနလည်း သံဃာ မဘသလည်း သံဃာ
မဟန မဘသ မဟုတ်သူလည်း သံဃာပါ။
မပြစ်မှားကြပါနဲ့။ ပဉ္စာနန္တရိယ ကံ ထိုက်မယ်။
နံပါတ် (၂) ပုဂ္ဂိုလ်များ
မိမိဘာသာတရားတစ်ခုကိုပဲမလေ့လာနဲ့
မိမိဘာသာရဲ့ တိုးတက်မှု ဆုပ်ယုတ်မှု
အခြားဘာသာရဲ့ဆုပ်ယုတ်မှု တိုးတက်မှု
အတိတ်သမိုင်းမှာ ဗုဒ္ဓဘာသာတွေ
ဘယ်လိုပျောက်ကွယ်ခဲ့လည်း
အခြားနိုင်ငံတွေမှာ ဗုဒ္ဓဘာသာတွေ
ဘယ်လိုဖျက်စီးခံရသလဲဆိုတာ
သမိုင်းနဲ့ယှဉ်ပြီး လေ့လာပါ။
နံပါတ် (၃) ပုဂ္ဂိုလ်များ
မဘသ ဦးဆောင်တင်သွင်တဲ့
မျိုးစောင့်ဥပဒေကို လေ့လာကြပါ
မိမိ အမျိုး (တိုင်းရင်းသား ၁၃၅ မျိုး)
မိမိဘာသာ (၁၃၅ မျိုးမှ ကိုးကွယ်သည့်ဘာသာ)
မိမိသာသနာ မိမိတိုင်းပြည် မိမိမျိုးဆက်ကို
အကာအကွယ်ပေးထားသော
ဥပဒေများသာဖြစ်ပါသည်။
အခြားဘာသာဝင်များ
သူတို့ဘာသာအတွက် ဥပဒေရှိပြီးသားပါ။
မြန်မာဗုဒ္ဓဘာသာဝင်တွေ ဥပဒေပြဋ္ဌာန်းတော့မှ
" သူ့အခွင့်အရေး အတွက် လူ့ အခွင့်အရေး"
အော်နေတာပါ။
နံပါတ် (၄) ပုဂ္ဂိုလ်များ
"သူများရောင်လို့ ရောင်
အမောင်တောင်မှန်းမသိ မြောက်မှန်းမသိ"
မဖြစ်ကြပါနဲ့။
မိမိ "အ တာ" မိမိ"နုံခြာ တာ"လူတိုင်းသိတယ်
ကာလာမ သုတ္တန်မှာ လေ့လာပြီး
ဘယ်အရာဖြစ်ဖြစ် ဘယ်သူ့ကိုဖြစ်ဖြစ်
မိမိဉာဏ်ပညာနဲ့
ဝေဖန် ထောက်ရှုသုံးသပ်ဖို့
ဘုရားရှင် ဟောကြားခဲ့တဲ့
သာဓကနည်းလမ်းတွေ ရှိပါတယ်
ဖတ်ကြပါ။ လိုက်နာကြပါ။
နံပါတ် (၅) ပုဂ္ဂိုလ်များ
ထိုသူများကိုတော့
မိမိအသပြာ မိမိအာဏာအတွက်
မိမိဘာသာကို သစ္စာမဖောက်ကြပါနဲ့ဟု
တိုက်တွင်းအပ်ပါသည်။
အသပြာ အာဏာက တခနပါ
ဘာသာ သာသနာကတော့ တစ်သံသရာလုံးပေါ့။
ဒါထက်အရေးကြီးတာက
တခန အသပြာ အာဏာအတွက်
မိမိ သားသမီး မြေးမြစ် စသောမျိုးဆက်တွေ
မိမိဘာသာ မိမိတိုင်းပြည် မိမိလူမျိုးတွေ အတွက်
မိမိသမိုင်းအမဲစက်ကြီး အဖြစ်မခံပါစေနဲ့။
ကိုရွှေမြန်မာတို့ရေ
နောင်တ ဆိုတာ နောင်မှ ရတက်တာမျိုးပါ။
ထိုင်း နောင်တရနေပြီ။
ဖိလစ်ပိုင် နောင်တရနေပြီ။
ကျုပ်တို့ မြန်မာတွေ နောင်တမရစေချင်ဘူး။
"တက်ဘုန်းကြီး" စာအုပ်ကို ရေးခဲ့တဲ့
သိန်းဖေမြင့်က သဘောင်္နဲ့ ခရီးသွားရင်း
သီလ သမာဓိနဲ့ ပြည့်စုံတဲ့
ရဟန်းတစ်ပါးကို တွေ့မိပြီး
ကြီးစွာနောင်တရ၍
မိမိရေးခဲ့တဲ့ စာအုပ်အတွက်
နောင်တတွေရပြီး ရဟန်းသံဃာများကို
မတောင်းပန်ရသေးပဲ စိုးရိမ်သောကနဲ့
ကွယ်လွန်ခဲ့တယ်လို့
ကြားခဲ့ဖူးတယ်။ အဲဒါနောင်တပေါ့။
နောင်တ နောင်တ နောင်မှ ရတက်တဲ့ နောင်တ။
ဆရာတော်အပေါင်းအား
ရှိခိုးကန်တော့လျှက်
ပညာရှိပုဂ္ဂိုလ်အပေါင်းအား
ဂါရ၀ပြုလေးစားလျှက်
မြန်မာပြည်သူပြည်သားများ
အေးချမ်း သာယာ တိုးတက်သော
ဘ၀များ ပိုင်ဆိုင်နိုင်ကြပါစေ။
ပဉ္စာနန္တရိယ ကံမှ ကင်းဝေးပါစေ။
နောင်တ မရသူများ ဖြစ်နိုင်ကြပါစေ။
အရှင်က၀ိန် -
အလင်းသစ် စာကြည့်တိုက် မြေနုရွာ
alinnthitlibrary.blogspot.com 12;45;AM/12-7-2016
No comments:
Post a Comment